ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၊ အုမ္မခါးကျေးရွာသားပိုင် ဧက (၁၀၀) အား ကြံ့ခိုင်ရေးပါတီမှ သိမ်းဆည်းထား
သက်သေမှတ်တမ်းများ
ထိခိုက်ခံစားရသူပြောကြားချက်
ကျောက်မဲခရိုင်၊နောင်ချိုမြို့နယ်၊အုမ္မခါးကျးရွာတွင်၂၀၀၄_၂၀၀၅ခုနှစ်အတွင်း၌ နောင်ချိုမြို့နယ်၊ကြံ့ခိုင်ရေးပါတီမှ တောင်သူ(၅၅)ဦးပိုင်၏စိုက်ပျိုးလုပ်ကိုင်နေသောယာမြေဧက(၁၀၀)အားသိမ်းဆည်းခဲ့တယ်လို့ ဒေသခံများက ဆိုပါသည်။
ထိုသိမ်းဆည်းယာမြေဧက(၁၀၀)အားပြန်လည်ရရှိရန်အတွက်ဆုံးရှုံးနစ်နာနေသော တောင်သူများမှ ကျောက်မဲခရိုင်နှင့် နောင်ချိုမြို့နယ်သို့တိုင်ကြားထားသော်လည်းယနေ့အချိန် ဖြေရှင်းခြင်းမရှိသေးကြောင်းနှင့် ယင်းယာမြေများ ဆုံးရှုံးခဲ့သော တောင်သူများသည် စိုက်ပျိုးမြေမ ရှိခြင်းကြောင့်မိသားစု၏ စားဝတ်နေရေး၊ ပညာရေး ၊စီးပွားရေးအခက်အခဲများကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။
ထိုသိမ်းဆည်းယာမြေ ဧက(၁၀၀)အား ပြန်လည်ရရှိရန် အတွက် ဆုံးရှုံးနစ်နာနေသာတောင်သူများမ ှကျောက်မဲခ ရိုင်နှင့်နောင်ချိုမြို့နယ် တာဝန်ရှိသူများထံသို့ တိုင်ကြားထား သော်လည်းယနေ့အချိန်ဖြေရှင်းခြင်းမရှိသေးပါဟု အုမ္မခါးကျေးရွာ၊သားတစ်ဦးမှ ပြောပါသည်။
မြေယာကဏ္ဍ
- ရှမ်းပြည်နယ်(မြောက်)
- နောင်ချိုမြို့နယ်
- အုမ္မခါးကျေးရွာ
ဖြစ်ပွားသည့်အချိန်
(mm/dd/yyyy)
၂၀၀၄-၂၀၀၅ အတွင်း
ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား
အမျိုးသမီး, သက်ကြီးရွယ်အို, ကလေးသူငယ်, မသန်စွမ်း, အခြား
ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး
ရှမ်း ၊ ဓနု ၊ ဗမာ ၊ ဂေါ်ရခါး ၊ ပလောင်
ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း
မြေသိမ်းဆည်းခံရသည့်တောင်သူ(၅၅)ဉီးရှိမိသားစုဝင်များ
အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ
စိုက်ပျိုးမွေးမြူရေးနှင့်ရေလုပ်ငန်း, သွင်းကုန်ထုတ်ကုန်, ရွေ့ပြောင်းလုပ်သား, ကျဘန်းလုပ်ငန်း, အခြား
အဓိကပါဝင်ပတ်သက်သူ
ကြံ့ခိုင်ရေးပါတီ