ကျောက်ထုတ်မိုင်းခွဲမှုများကြောင့် လူအများထိခိုက်မှာ စိုးရိမ်၊ ဂုံညှင်းနွယ်ကျေးရွာ၊ ဘီးလင်းမြို့နယ်၊ မွန်ပြည်နယ်

Confirmation Status : Reported
October 6, 2020

ကျောက်ထုတ်မိုင်းခွဲမှုများကြောင့် လူအများထိခိုက်မှာ စိုးရိမ်၊ ဂုံညှင်းနွယ်ကျေးရွာ၊ ဘီးလင်းမြို့နယ်၊ မွန်ပြည်နယ်

( မြန်မာ့ပတ်ဝန်းကျင်ရေးရာ လေ့လာဆန်းစစ်ချက် ၂၀၁၉ ပြည်သူ့အမြင်သဘောထားများအစီရင်ခံစာမှ ကောက်နှုတ်ဖော်ပြထားပါသည်)
ဘီးလင်းမြို့နယ်၊ ဂုံညှင်းနွယ်ကျေးရွာတွင် ပုဂ္ဂလိကလုပ်ငန်းရှင်များမှ ကျောက်ထုတ်လုပ်ရာတွင် မိုင်းများခွဲသောကြောင့် လူနေအိမ်ခြေအနီးသို့ ကျောက်စများ လွင့်စင်မှုများရှိပြီး လူအများအား ထိခိုက်မှာ စိုးရိမ်နေရတယ်လို့ ဒေသခံများကို ဆိုပါတယ်။

သက်သေမှတ်တမ်းများ

ထိခိုက်ခံစားရသူပြောကြားချက်

ဘီးလင်းမြို့နယ်၊ ဂုံညှင်းနွယ်ကျေးရွာတွင် ပုဂ္ဂလိကလုပ်ငန်းရှင်များမှ ၂၀၁၅ခုနှစ်နောက်ပိုင်းတွင် ကျောက်များထုတ်လာကြောင်းနှင့် မိုင်းခွဲမှုများကြောင့် လူနေအိမ်ခြေအနီးသို့ ကျောက်စများ လွင့်စင်ခြင်းများအား ကြုံတွေ့လာရကြောင်း ဒေသခံများမှ ဆိုပါတယ်။ ယခုအခါ ဒေသခံများအနေဖြင့် ကျောက်မိုင်းအား ရပ်တန့်စေရန် အရေးဆိုထားသည်ဟု သိရပါတယ်။

သတ္တုတွင်းကဏ္ဍ

  • မွန်ပြည်နယ်
  • ဘီးလင်းမြို့နယ်
  • ဂုံညှင်းနွယ်ရွာ

ဖြစ်ပွားသည့်အချိန်

(mm/dd/yyyy)

၂၀၁၅ နောက်ပိုင်း

ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား

အမျိုးသမီး, သက်ကြီးရွယ်အို, ကလေးသူငယ်, မသန်စွမ်း,အခြား

ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး

မွန်၊ ဗမာ

ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း

၂၀၈၀

အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ

အခြား

အဓိကပါဝင်ပတ်သက်သူ

ကျောက်မိုင်းထုတ်လုပ်နေသော ပုဂ္ဂလိကလုပ်ငန်းရှင်များ

အကြံပြုလိုသည့်ဖြေရှင်းနိုင်မည့် နည်းလမ်းများ

ကျောက်မိုင်းပိုင်ရှင်များ အနေဖြင့်လည်း ရပ်ရွာဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ပံ့ပိုးကူညီမှုများ ပေးရန်လည်း လိုအပ်ပါသည်။ ကျောက်မိုင်းအား လူနေဝေးသည့် နေရာများတွင်သာ ခွဲသင့်ပါသည်။