လူဦးရေတိုးပွားလာကာ သစ်တောအပေါ်မှီခိုမှုများလာပြီး သစ်တောများပြုန်းတီး၊ အနန်းပင်ကျေးရွာ၊ ဘားအံမြို့၊ ကရင်ပြည်နယ်
(မြန်မာ့ပတ်ဝန်းကျင်ရေးရာ လေ့လာဆန်းစစ်ချက် ၂၀၁၉ ပြည်သူ့အမြင်သဘောထားများအစီရင်ခံစာမှ ကောက်နှုတ်ဖော်ပြထားပါသည်)
ကရင်ပြည်နယ်၊ ဘားအံမြို့၊ ကော့ရင်းအထက်ကျေးရွာအုပ်စု၊ အနန်းပင်ကုန်းကျေးရွာတွင် လူဦးရေတိုးပွားခြင်းကြောင့် သစ်တောများပြုန်းတီးခြင်းကာ စားကျက်မြေများ ရှားပါးခြင်း၊ ထင်းမီးလောင်စာ ရှားပါးခြင်း ၊ ရေအရင်းအမြစ်များ နည်းပါးလာခြင်းတို့ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
သက်သေမှတ်တမ်းများ
ထိခိုက်ခံစားရသူပြောကြားချက်
ကရင်ပြည်နယ်၊ ကော့ရင်းအထက်ကျေးရွာအုပ်စု၊ အနန်းပင်ကုန်းကျေးရွာတွင် လူဦးရေတိုးပွားခြင်းကြောင့် သစ်တောများပြုန်းတီးခြင်း၊ ရာသီဥတုဖောက်ပြန်ခြင်းများကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။ အကျိုးဆက်အနေဖြင့် စိုက်ပျိုးမြေများ မြေဆီခမ်း ခြောက်၍ သီးနှံအထွက်နှုန်းသိသာစွာ ကျဆင်းနေပါတယ်။ ထို့အပြင်၊ စားကျက်မြေများ ရှားပါးခြင်း၊ ထင်းမီးလောင်စာ ရှားပါးခြင်း ၊ ရေအရင်းအမြစ်များ နည်းပါးလာခြင်းတို့ဖြစ်ပေါ်နေပါသည်။
ပတ်ဝန်းကျင်ညစ်ညမ်းမှု ကဏ္ဍ
- ကရင်ပြည်နယ်
- ဘားအံမြို့နယ်
- အနန်းပင်ကုန်းကျေးရွာ
ဖြစ်ပွားသည့်အချိန်
(mm/dd/yyyy)
–
ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား
အမျိုးသမီး, သက်ကြီးရွယ်အို, ကလေးသူငယ်, မသန်စွမ်း, အခြား
ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး
ကရင်၊ ဗမာ
ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း
၁၀၀ဝ ကျော်
အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ
စိုက်ပျိုးမွေးမြူရေးနှင့်ရေလုပ်ငန်း, သွင်းကုန်ထုတ်ကုန်, ကျဘန်းလုပ်ငန်း, အခြား
အဓိကပါဝင်ပတ်သက်သူ
ဒေသခံများ
အကြံပြုလိုသည့်ဖြေရှင်းနိုင်မည့် နည်းလမ်းများ
ဒေသခံအရပ်ဘက်အဖွဲ့အစည်းများနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အစီအစဉ်များချမှတ်အကောင်အထည်ဖော်သင့်ပါသည်။