တောင်ယာခုတ်၊ တောမီးရှို့မှုများကြောင့် စိုက်ပျိုးရေများခမ်းခြောက်နေ၊ မိုင်းပတ်ကျေးရွာ၊ တန့်ယန်းမြို့နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)

Confirmation Status : Reported
October 8, 2020

တောင်ယာခုတ်၊ တောမီးရှို့မှုများကြောင့် စိုက်ပျိုးရေများခမ်းခြောက်နေ၊ မိုင်းပတ်ကျေးရွာ၊ တန့်ယန်းမြို့နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)

(မြန်မာ့ပတ်ဝန်းကျင်ရေးရာ လေ့လာဆန်းစစ်ချက် ၂၀၁၉ ပြည်သူ့အမြင်သဘောထားများအစီရင်ခံစာမှ ကောက်နှုတ်ဖော်ပြထားပါသည်)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ တန့်ယန်းမြို့နယ်၊ မိုင်းပတ်ကျေးရွာတစ်ဝိုက်သစ်တောများသည် တောင်ပေါ်နေ တိုင်းရင်းသားများ၏ ရိုးရာရွှေ့ပြောင်း တောင်ယာခုတ်ခြင်းနှင့် တောမီးရှို့မှုများကြောင့် ပြုန်းတီးနေပြီး စိုက်ပျိုးရေများခမ်းခြောက်နေတယ်လို့ သိရပါတယ်။

သက်သေမှတ်တမ်းများ

ထိခိုက်ခံစားရသူပြောကြားချက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တန့်ယန်းမြို့နယ်၊ မိုင်းပတ် ကျေးရွာ၏တောင်ပေါ်နေတိုင်းရင်းသားများသည်မိုင်းပတ်ချောင်း၏ ရေဝေရေလဲတစ်လျှောက်ရှိ တောင်များပေါ်ရှိ တောများအား ရွှေ့ပြောင်းတောင်ယာခုတ်ခြင်း၊ တောမီးများအလွန်အကျွံရှို့နေခြင်းများရှိနေပါတယ်။ထိုသို့ပြုလုပ်ရာတွင်လဲစားဝတ်နေရေးအတွက်လုပ်ကိုင်စားသောက်ကြသည်ကိုလဲသိရှိထားပါတယ်။ သို့သော်လဲ ထိုကဲ့သို အလွန်အကျွံလုပ်ကိုင်လာသည့်အတွက်သောက်သုံးရေများ၊စိုက်ပျိုးရေများတဖြည်းဖြည်းခမ်းခြောက်မှုများရှိလာခဲ့တယ်လို့ မိုင်းပတ်ကျေးရွာသားတစ်ဦးမှ ဆိုပါတယ်။

သတ္တုတွင်းကဏ္ဍ

  • ရှမ်းပြည်နယ်(မြောက်)
  • တန့်ယန်းမြို့နယ်
  • မိုင်းပတ်ကျေးရွာ

ဖြစ်ပွားသည့်အချိန်

(mm/dd/yyyy)

၂၀၀၂ ခုနှစ်တွင်စ

ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား

အမျိုးသမီး, သက်ကြီးရွယ်အို, ကလေးသူငယ်, မသန်စွမ်း, အခြား

ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး

ဗမာ၊ရှမ်း

ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း

အိမ်ထောင်စု(၈)စုရှိလူဦးရေများ

အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ

စိုက်ပျိုးမွေးမြူရေးနှင့်ရေလုပ်ငန်း, ရွေ့ပြောင်းလုပ်သား, ကျဘန်းလုပ်ငန်း, အခြား

အဓိကပါဝင်ပတ်သက်သူ

ရွှေရည်ပုလဲကုမဏီ

အကြံပြုလိုသည့်ဖြေရှင်းနိုင်မည့် နည်းလမ်းများ

သက်ဆိုင်ရာမှ နှုတ်အားဖြင့်တားမြစ်ထားသော်လည်း အသိပညာပေးကာ ဥပဒေကြောင်းအရ တားမြစ်ရန်လိုအပ်လျှက်ရှိနေပါသည်။