ဒေါနတောင်တန်းတစ်လျှောက်ကုမ္ပဏီနှင့် ဒေသခံအချို့ သစ်ထုတ်မှုများကြောင့် ဒေသခံများ၏ တောင်ယာနှင့် စားကျက်မြေများရှားပါးလာ၊ လှိုင်းဘွဲ့၊ ကရင်ပြည်နယ်

Confirmation Status : Reported
October 7, 2020

ဒေါနတောင်တန်းတစ်လျှောက်ကုမ္ပဏီနှင့် ဒေသခံအချို့ သစ်ထုတ်မှုများကြောင့် ဒေသခံများ၏ တောင်ယာနှင့် စားကျက်မြေများရှားပါးလာ၊ လှိုင်းဘွဲ့၊ ကရင်ပြည်နယ်

(မြန်မာ့ပတ်ဝန်းကျင်ရေးရာ လေ့လာဆန်းစစ်ချက် ၂၀၁၉ ပြည်သူ့အမြင်သဘောထားများအစီရင်ခံစာမှ ကောက်နှုတ်ဖော်ပြထားပါသည်)
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ မဲလောင်းခီးကျေးရွာအုပ်စု၊ မဲလောင်းခီးကျေးရွာ၊ မဲသမူးကျေးရွာအုပ်စု၊ ကျေးဖာဒေးခီးကျေးရွာနှင့် ဝင်းစောကျေးရွာအုပ်စု ပိုးဘော်လေးကျေးရွာပိုင် သစ်တောနေရာများတွင် ကုမ္ပဏီနှင့် ဒေသခံအချို့မှ သစ်ထုတ်လုပ်ခြင်းများကြောင့် ဒေသခံများလုပ်ကိုင် စားသောက် လာသော တောင်ယာမြေနှင့် စားကျက်မြေများရှားပါးလာတယ်လို့ ဆိုပါတယ်။

သက်သေမှတ်တမ်းများ

ထိခိုက်ခံစားရသူပြောကြားချက်

ဒေါနတောင်တန်း၏ တောင်ပေါ်နှင့်တောင်အောက်များတွင် ၂၀၁ဝ ခုနှစ်မှစတင်၍ ကုမ္ပဏီနှင့် ဒေသခံအချို့မှ သစ်ထုတ်လုပ်ခြင်းများကြောင့် ဒေသခံကျေးရွာသားများ လုပ်ကိုင် စားသောက် လာသော တောင်ယာလုပ်ကိုင်သည့် မြေနေရာနှင့် စားကျက်မြေများရှားပါးလာပြီး ဒေသခံများ၏ စားဝတ်နေရေးအခက်အခဲများကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။ ထို့ပြင်သစ်တောများ ပြုန်းတီးခြင်းကြောင့် ရာသီဥတုဖောက်ပြန်မှုများပိုမိုကြုံတွေ့လာရကာ ရေရှားပါးမှုများ၊ ချောင်းများတိမ်ကောမှုများနှင့် ချောင်းများအတွင်းရှိ ငါးရှားပါးမှုများ၊ ကားလမ်းဖောက်ခြင်းများကြောင့်မြေများပြိုကျကာ လယ်ကွင်းများထဲသို့ မြေများရောက်ရှိလာခြင်းကြောင့်လည်း မြေဆီမြေနှစ်ဆုံးရှုံးမှုများဖြစ်ပေါ်လာပြီး စိုက်ပျိုးရေးအထွက်နှုန်းကျဆင်း နေတယ်လို့ ဒေသခံများက ဆိုပါသည်။ ကျေးရွာတွင် သစ်တောပြန်းတီးမှုအား ကာကွယ်နိုင်ရန် အစီအမံများချမှတ်ထားခြင်း မရှိသေးသော်လည်း လက်ရှိအချိန်မှစတင်၍ ဒေသခံကျေးရွာသူ၊ သားများမှ အရပ်ဘက်အဖွဲ့အစည်းများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့များနှင့်ချိတ်ဆက်ကာ သဘာဝထိန်းသိမ်းရေး ပညာပေး လုပ်ဆောင်ဆောင်ရွက်ရန် စီစဉ်နေတယ်လို့ ပြောဆိုကြပါတယ်။

သစ်တောနှင့်တောရိုင်းတိရစ္ဆာန် ကဏ္ဍ

  • ကရင်ပြည်နယ်
  • လှိုင်းဘွဲ့မြို့နယ်
  • မဲလောင်းခီးကျေးရွာ၊ ကျေးဖာဒေးခီးကျေးရွာ၊ ပိုးဘော်လေးကျေးရွာ

ဖြစ်ပွားသည့်အချိန်

(mm/dd/yyyy)

၂၀၁ဝ ခုနှစ်မှစ

ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား

အမျိုးသမီး, သက်ကြီးရွယ်အို, ကလေးသူငယ်, မသန်စွမ်း, အခြား

ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး

ကရင်

ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း

၆၀ဝ ကျော်

အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ

စိုက်ပျိုးမွေးမြူရေးနှင့်ရေလုပ်ငန်း, သွင်းကုန်ထုတ်ကုန်, ကျဘန်းလုပ်ငန်း, အခြား

အဓိကပါဝင်ပတ်သက်သူ

သစ်ထုတ်လုပ်သော ကုမ္ပဏီ အချို့နှင့် ဒေသခံအချို့

အကြံပြုလိုသည့်ဖြေရှင်းနိုင်မည့် နည်းလမ်းများ

ကျေးရွာတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာ ပေးလုပ်ငန်းများဆောင်ရွက်မှု အားနည်းလျှက်ရှိသည့်အတွက် အရပ်ဘက်အဖွဲ့အစည်းများနှင့် သစ်တောဦးစီးဌာနတို့ပူးပေါင်းပြီး ပျက်စီးနေသောသဘာဝပတ်ဝန်းကျင်အား ပြန်လည်ကောင်းမွန်အောင် ပြုလုပ်မည့်အစီအစဉ်ကောင်းများနှင့် ပတ်ဝန်းကျင်ထိခိုက်မှုအရည်အသွေးဆန်းစစ်ခြင်းများကို အလျင် အမြန်လုပ်ဆောင်သင့်ပေသည်။