တပ်မှ ဘိုးဘွားပိုင်မြေ သိမ်းယူထားသော်လည်း လျော်ကြေးမပေးသေး၊ မန်ကတ်ကျေးရွာ၊ တန့်ယန်းမြို့နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)

Confirmation Status : Reported
October 7, 2020

တပ်မှ ဘိုးဘွားပိုင်မြေ သိမ်းယူထားသော်လည်း လျော်ကြေးမပေးသေး၊ မန်ကတ်ကျေးရွာ၊ တန့်ယန်းမြို့နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)

(မြန်မာ့ပတ်ဝန်းကျင်ရေးရာ လေ့လာဆန်းစစ်ချက် ၂၀၁၉ ပြည်သူ့အမြင်သဘောထားများအစီရင်ခံစာမှ ကောက်နှုတ်ဖော်ပြထားပါသည်)
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်၊ မန်ကတ် ကျေးရွာသားများပိုင် ဘိုးဘွားပိုင်မြေများကို တပ်မှ သိမ်းယူထားခဲ့သဖြင့် လွှတ်တော်များ၊ ပါတီများကို တင်ပြထားသော်လည်း ယခုအချိန်ထိ လျော်ကြေးများ မရရှိသေးဟု ဒေသခံများက ဆိုပါတယ်။

သက်သေမှတ်တမ်းများ

ထိခိုက်ခံစားရသူပြောကြားချက်

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်၊ မန်ကတ်ကျေးရွာ၏အရှေ့မြောက်ဘက်တွင်ရှိသော ကျေးရွာသားများ၏ ဓါးမဦးချ မြေများကို လွန်ခဲ့သော နှစ်(၂၀)ခန့်က တိုင်းဗဟိုလေ့ကျင့်ရေးကျောင်း လာရောက်ဖွင့်လှစ်ရန်အတွက် စစ်တပ်နှင့် သက်ဆိုင်ရာဌာနများမှ ကွင်းဆင်းတိုင်းတာပြီး မိမိတို့၏ဘိုးဘွားပိုင်မြေများအားသိမ်းယူသွားခဲ့တယ်လို့ ဒေသခံများက ဆိုပါတယ်။

အဆိုပါကိစ္စအား သက်ဆိုင်ရာပါတီများ၊ လွှတ်တော် ကိုယ်စားလှယ်များအား တင်ပြထားပြီး လျော်ကြေးရရှိရေး တင်ပြပြောဆိုခဲ့သော်လည်း ယနေ့အချိန်ထိ လျော်ကြေးရရှိခဲ့ခြင်းမရှိသေးပါဟု မန်ကတ်ကျေးရွာ သားတစ်ဦးမှ ဆိုပါသည်။

မြေယာကဏ္ဍ

  • ရှမ်းပြည်နယ်(မြောက်)
  • တန့်ယန်းမြို့နယ်
  • မန်ကတ်ကျေးရွာ

ဖြစ်ပွားသည့်အချိန်

(mm/dd/yyyy)

၂၀၀၀ ခုနှစ်ဝန်းကျင်

ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား

အမျိုးသမီး, သက်ကြီးရွယ်အို, ကလေးသူငယ်, မသန်စွမ်း, အခြား

ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး

ရှမ်း၊ပလောင်၊ဗမာ

ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း

မြေသိမ်းဆည်းခံရသည့်အိမ်ထောင်စုရှိလူဦးရေများ

အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ

စိုက်ပျိုးမွေးမြူရေးနှင့်ရေလုပ်ငန်း, ရွေ့ပြောင်းလုပ်သား, ကျဘန်းလုပ်ငန်း, အခြား

အဓိကပါဝင်ပတ်သက်သူ

စစ်တပ်နှင့်သက်ဆိုင်ရာဌါနများ

အကြံပြုလိုသည့်ဖြေရှင်းနိုင်မည့် နည်းလမ်းများ

ဌာနဆိုင်ရာများ၊ လွှတ်တော်အမတ်များမှ သေချာကွင်းနင်း မေးမြန်းစစ်ဆေးကာ တပ်မှ ပြန်လည် စွန့်လွှတ်ရန် ပြောဆိုသင့်ပါသည်။