မီးသွေးဖုတ်၊ ထင်းခုတ်မှုများကြောင့် သစ်တောများ ပြုန်းတီးကာ ရေအရင်းအမြစ်များ ခမ်းခြောက်လာခြင်း၊ ရန်ကုတ်ကျေးရွာ၊ ကော့ကရိတ်မြို့နယ်
သက်သေမှတ်တမ်းများ
ထိခိုက်ခံစားရသူပြောကြားချက်
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ရန်ကုတ်ကျေးရွာပတ်ဝန်းကျင်တွင် သစ်တောများပြုန်းတီးကာ ရေအရင်းအမြစ်များညစ်ညမ်း၊ လျော့နည်း၊ ခမ်းခြောက်လာသည့်အပြင် ထင်းလောင်စာလည်း ရှားပါးလာနေတယ်လို့ ဆိုပါတယ်။ ရေတွင်း၊ရေကန်များ ခန်းခြောက်လာပြီး ချောင်းများတိမ်ကောလာကာ အင်းအတွင်းရေများ မရှိတော့ကြောင်း ဒေသခံများမှ ဆိုပါတယ်။ ထို့အပြင် ရာသီဥတုများပြောင်းလဲလာခြင်း၊ သဘာဝဘေးအန္တရာယ်များကျရောက်ခြင်းတို့ ကို လက်တွေ့ကြုံတွေ့ခံစားလာရကြောင်း ဒေသခံများ၏အဆိုအရ သိရပါသည်။
သစ်တောနှင့်တောရိုင်းတိရစ္ဆာန် ကဏ္ဍ
- ကရင်ပြည်နယ်
- ကော့ကရိတ်မြို့နယ်
- ရန်ကုတ်ကျေးရွာ
ဖြစ်ပွားသည့်အချိန်
(mm/dd/yyyy)
–
ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား
အမျိုးသမီး, သက်ကြီးရွယ်အို, ကလေးသူငယ်, မသန်စွမ်း, အခြား
ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး
ကရင်
ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း
၁၀၀ဝ ကျော်
အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ
စိုက်ပျိုးမွေးမြူရေးနှင့်ရေလုပ်ငန်း, သွင်းကုန်ထုတ်ကုန်, ကျဘန်းလုပ်ငန်း, အခြား
အဓိကပါဝင်ပတ်သက်သူ
လက်နက်ကိုင်အဖွဲ့အစည်းများ၊ စီးပွားရေးသမားများ ၏ စီးပွားရေးအတွက် သစ်များ ခုတ်ယူခြင်း၊ မီးသွေးဖုတ်ခြင်း၊ ထင်းခုတ်ခြင်းများကြောင့် သစ်တောများပြုန်းတီးလာရခြင်းဖြစ်ပါသည်