ထင်းလောင်စာနှင့် ရေအရင်းအမြစ်များ ရှားပါးလာခြင်း၊ နဘူးတံခွန်တိုင် ကျေးရွာ၊ ကော့ကရိတ်မြို့နယ်
သက်သေမှတ်တမ်းများ
ထိခိုက်ခံစားရသူပြောကြားချက်
ကော့ကရိတ်မြို့နယ်၊ နဘူးတံခွန်တိုင်ကျေးရွာတွင် စပါးထွက်နှုန်းလျော့နည်းခြင်း၊ ထင်းလောင်စာ ရရှိရန် ခက်ခဲခြင်း၊ ရေအရင်းအမြစ်များ ရှားပါးလာခြင်း၊ လျှပ်စစ်မီးမရရှိခြင်း၊ ကျေးရွာတွင်း လမ်ပန်းဆက်သွယ်ရေးများ ခက်ခဲခြင်း စသည့်အခက်အခဲ ပြသနာများရှိနေတယ်လို့ဆိုပါတယ်။ တော်သလင်းလများတွင် စပါးအသီးမအောင်ခြင်း မြေခြောက်ကွဲအက်ခြင်း၊ စပါးပင်ခြောက်သွားခြင်း များ ဖြစ်နေပါတယ်။ မိုးရာသီတွင်ပင် မိုးရေရရှိမှုနည်းပါးခြင်း၊ ရေသွင်းစိုက်ပျိုးရန်အတွက် အခက်အခဲရှိခြင်း၊ ရေစုပ်တင်ရန်လည်း ငွေမတတ်နိုင်ခြင်းများလည်း ဖြစ်နေပါတယ်။
ထိုသို့ထွက်နှုန်းများကျခြင်း ကြောင့် ငွေကြေးအခက်အခဲများဖြစ်လာပြီး လူနေမှုဘဝ နိမ့်ပါးလာကာ သားသမီးများ ပညာရေး ထိခိုက်မှုများ ရှိနေတယ်လို့ ဆိုပါ်တယ်။ နဘူးတံခွန်တိုင်ကျေးရွာနှင့် ပတ်ဝန်းကျင်တွင် ထင်း(လောင်စာ)ရရှိမှု ခက်ခဲခြင်း၊ ထင်း(လောင်စာ) ရှာရန်ခွင့်ပြုမိန့်မရခြင်း၊ မီးသွေးဈေးနှုန်းကြီးမြင့်ခြင်း များကြုံတွေ့နေရပါတယ်။ ရွာသူရွာသားများ၊ ဘာသာရေးဆရာတော်များ၊ လက်နက်ကိုင်အဖွဲ့အစည်းများက ထိန်းချုပ်ထားသောကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ ဆရာတော် ကြီးများ၊ အဖွဲ့အစည်းများ၏ ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ချက်များ၊ လက်နက်ကိုင်များ၏ ထိန်းချုပ်မှုများ၊ ခြံပိုင်ရှင်များ၏ ထိန်းချုပ်မှုများ စသည်တို့ကြောင့် ထင်းလောင်စာအခက်အခဲများ ဖြစ်နေတယ်လို့ ဒေသခံများ အဆိုအရ သိရပါတယ်။
ပတ်ဝန်းကျင်ညစ်ညမ်းမှု ကဏ္ဍ
- ကရင်ပြည်နယ်
- ကော့ကရိတ်မြို့နယ်
- နဘူးတံခွန်တိုင်ကျေးရွာ
ဖြစ်ပွားသည့်အချိန်
(mm/dd/yyyy)
–
ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား
အမျိုးသမီး, သက်ကြီးရွယ်အို, ကလေးသူငယ်, မသန်စွမ်း, အခြား
ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး
ကရင်
ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း
၁၀၀ဝ ကျော်
အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ
စိုက်ပျိုးမွေးမြူရေးနှင့်ရေလုပ်ငန်း, သွင်းကုန်ထုတ်ကုန်, ကျဘန်းလုပ်ငန်း, အခြား
အဓိကပါဝင်ပတ်သက်သူ
ဒေသခံများ၊ လက်နက်ကိုင်အဖွဲ့အစည်းများ