စနစ်တကျ အမှိုက်မစွန့်ပစ်မှု ကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှု ဖြစ်နေခြင်း၊ မြေနီကုန်းရပ်ကွက်၊ အမှတ်(၄)၊ မြဝတီမြို့နယ်၊ ကရင်ပြည်နယ်

Confirmation Status : Reported
October 7, 2020

စနစ်တကျ အမှိုက်မစွန့်ပစ်မှု ကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှု ဖြစ်နေခြင်း၊ မြေနီကုန်းရပ်ကွက်၊ အမှတ်(၄)၊ မြဝတီမြို့နယ်၊ ကရင်ပြည်နယ်

(မြန်မာ့ပတ်ဝန်းကျင်ရေးရာ လေ့လာဆန်းစစ်ချက် ၂၀၁၉ ပြည်သူ့အမြင်သဘောထားများအစီရင်ခံစာမှ ကောက်နှုတ်ဖော်ပြထားပါသည်)
မြဝတီမြို့နယ်၊ အမှတ်(၄) မြေနီကုန်းရပ်ကွက်တွင် အမှိုက်များစနစ်တကျစွန့်ပစ်မှုမရှိသည့်အပြင် စည်ပင်မှလည်း ထိရောက်စွာ မသိမ်းဆည်းပေးသဖြင့် အမှိုက်များစုပုံနေကာ ပတ်ဝန်းကျင် ညစ်ညမ်းမှုများ ဖြစ်ပေါ်နေတယ်လို့ ဒေသခံများက ဆိုပါတယ်။

သက်သေမှတ်တမ်းများ

ထိခိုက်ခံစားရသူပြောကြားချက်

မြဝတီမြို့နယ်၊ အမှတ်(၄) မြေနီကုန်းရပ်ကွက်တွင် အမှိုက်များစနစ်တကျစွန့်ပစ်မှုမရှိပဲ စည်ပင်ကလည်း ထိရောက်စွာ သိမ်းဆည်းပေးမှု မရှိသဖြင့် အမှိုက်များစုပုံနေခြင်းကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုများ ဖြစ်ပေါ်နေရတယ်လို့ သိရပါတယ်။ စည်ပင်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများမှ အမှိုက်သိမ်းဆည်းရန်အတွက် အမှိုက်ကားများ စနစ်တကျထားရှိမှုမရှိခြင်းများ ကြောင့်ဖြစ်တယ်လို့ ဒေသခံများက ဆိုပါတယ်။ ပတ်ဝန်းကျင်ညစ်ညမ်းမှုကြောင့် ပြည်သူများ ကိုယ်ကျန်းမာမှု၊ စိတ်ကျန်းမာမှု များထိခိုက်နေရတယ်လို့ ပြောပါတယ်။

ပတ်ဝန်းကျင်ညစ်ညမ်းမှု ကဏ္ဍ

  • ကရင်ပြည်နယ်
  • မြဝတီမြို့နယ်
  • အမှတ် ၄၊ မြေနီကုန်းရပ်ကွက်

ဖြစ်ပွားသည့်အချိန်

(mm/dd/yyyy)

ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား

အမျိုးသမီး, သက်ကြီးရွယ်အို, ကလေးသူငယ်, မသန်စွမ်း, အခြား

ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး

ကရင်၊ ဗမာ

ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း

၂၀၀ဝကျော်

အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ

အခြား

အဓိကပါဝင်ပတ်သက်သူ

ဒေသခံများနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ

အကြံပြုလိုသည့်ဖြေရှင်းနိုင်မည့် နည်းလမ်းများ

သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စည်ပင်မှ လိုအပ်သလို ကူညီဆောင်ရွက်ပေးပါရန် လိုပြီး ပြည်သူများမှလည်း စနစ်တကျ အမှိုက်စွန့်ပစ်သင့်ပါသည်။