မြဝတီမြို့နယ်၊ ကော့ကော်ကျေးရွာဝန်းကျင်ရှိ တောများ ပြုန်းတီးလာပြီး လမ်းပန်းဆက်သွယ်ရေးလည်း အခက်ကြုံနေရ

Confirmation Status : Reported
October 7, 2020

မြဝတီမြို့နယ်၊ ကော့ကော်ကျေးရွာဝန်းကျင်ရှိ တောများ ပြုန်းတီးလာပြီး လမ်းပန်းဆက်သွယ်ရေးလည်း အခက်ကြုံနေရ

(မြန်မာ့ပတ်ဝန်းကျင်ရေးရာ လေ့လာဆန်းစစ်ချက် ၂၀၁၉ ပြည်သူ့အမြင်သဘောထားများအစီရင်ခံစာမှ ကောက်နှုတ်ဖော်ပြထားပါသည်)
မြဝတီမြို့နယ်၊ ကော့ကော်ကျေးရွာတွင် တောများခုတ်၍ တောင်ယာများပြုလုပ်ခြင်း၊ သစ်ထုတ်လုပ် ရောင်းချခြင်းများကြောင့် သစ်တောများပျက်စီး ဆုံးရှုံးနေရပြီး လမ်းခရီးဆက်သွယ်ရေးမှာလည်း ခက်ခဲပါသည်။

သက်သေမှတ်တမ်းများ

ထိခိုက်ခံစားရသူပြောကြားချက်

မြဝတီမြို့နယ်၊ ကော့ကော်ကျေးရွာတွင် လွန်ခဲ့သောနှစ်များမှစ၍ သစ်တောများပျက်စီး ဆုံးရှုံးခြင်း နှင့် လမ်းခရီးဆက်သွယ်ရေးခက်ခဲခြင်းများ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။ သစ်တောများ ပြုန်းတီးရခြင်းမှာ အသက်မွေးဝမ်းကြောင်းအတွက် တောများခုတ်၍ တောင်ယာများပြုလုပ်ခြင်း၊ သစ်ထုတ်လုပ် ရောင်းချခြင်း စသည်တို့ကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။ သစ်တောများပြုန်းတီးမှုကြောင့် အပူလွန်ကဲခြင်း၊ ရာသီဥတုဖောက်ပြန်ခြင်း၊ ရေရှားပါးခြင်း တို့ကိုကြုံတွေ့ခံစားနေရပါတယ်လို့ ဒေသခံများမှ ပြောပါတယ်။

သစ်တောနှင့်တောရိုင်းတိရစ္ဆာန် ကဏ္ဍ

  • ကရင်ပြည်နယ်
  • မြဝတီမြို့နယ်
  • ကော့ကော်ကျေးရွာ

ဖြစ်ပွားသည့်အချိန်

(mm/dd/yyyy)

လွန်ခဲ့သောနှစ်များမှစ

ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား

အမျိုးသမီး, သက်ကြီးရွယ်အို, ကလေးသူငယ်, မသန်စွမ်း, အခြား

ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး

ကရင်

ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း

၂၀၀ဝ ကျော်

အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ

စိုက်ပျိုးမွေးမြူရေးနှင့်ရေလုပ်ငန်း, သွင်းကုန်ထုတ်ကုန်, အခြား

အဓိကပါဝင်ပတ်သက်သူ

တောင်ယာပြုလုပ်သူများ၊
သစ်ထုတ်လုပ်ရောင်းချသူများ

အကြံပြုလိုသည့်ဖြေရှင်းနိုင်မည့် နည်းလမ်းများ

သစ်ပင်၊ သစ်တောများပြန်လည်စိုက်ပျိုးထူထောင်ဖို့ ပြင်ပမှ အကူအညီများ ပေးသင့်ပါသည်။