ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ထီးဝါပလောကျေးရွာတစ်ဝိုက် သစ်တောများပြုန်းပြီး မြစ်ချောင်းများ တိမ်ကောလာ
သက်သေမှတ်တမ်းများ
ထိခိုက်ခံစားရသူပြောကြားချက်
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ထီးဝါပလောကျေးရွာနှင့် ကော့ကော်ကျေးရွာ အနီးတဝိုက်တွင် သစ်တောများ ပြုန်းတီးခြင်း၊ မြစ်ချောင်းများတိမ်ကောခြင်း၊ ရွာချင်းဆက်လမ်းများ ပျက်စီးခြင်း စသည့် ပြသနာများ ဖြစ်ပေါ်လျှက်ရှိပါသည်။ သစ်တောများ ပြုန်းတီးရခြင်းမှာ အသက်မွေးဝမ်းကြောင်းအတွက် တောများခုတ်၍ တောင်ယာများပြုလုပ်ခြင်း၊ သစ်ထုတ်လုပ်ရောင်းချခြင်း စသည်တို့ကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။
သစ်တောများပျက်စီးခြင်းကြောင့် ရာသီဥတုဖောက်ပြန်ခြင်း၊ ရေရှားပါးခြင်း တို့ကို ကြုံတွေ့ခံစားနေရပါတယ်လို့ ဒေသခံများက ပြောပါတယ်။ ထို့အပြင် မြစ်ချောင်းများလည်း တိမ်ကောလာပါတယ်။ လွန်ခဲ့သော ၁ဝ နှစ်ခန့်မှစ၍ ရေများရှားပါး လာတယ်လို့ သိရပါတယ်။ အရင်က ၂လ ပိုင်းလောက်ဆို ရေများဒူးခေါင်းအထိ ရှိသော်လည်း ယခုအခါ ခြေမျက်စိမျှသာရှိတော့ကြောင်းနှင့် အဓိကအကြောင်းမှာ သစ်တောများပြုန်းတီးခြင်းကြောင့် ဖြစ်တယ်လို့ ဒေသခံများ၏ အဆိုအရ သိရပါတယ်။
ထို့အပြင် ကျေးရွာချင်းဆက်လမ်းများမှာလည်း ကောင်းမွန်မှု မရှိတော့ပါ။ ၂၀၁၈ခုနှစ် မိုးတွင်း ကာလမှစ၍ မြဝတီမြို့နယ်၊ ထီးဝါပလောကျေးရွာနှင့် ဇရပ်ဖြူကုန်းကျေးရွာတို့ ရွာချင်းဆက်လမ်းများ ပျက်စီးလာပါတယ်။ ၂၀၁၈ ခုနှစ် မိုတွင်း တွင် ရေကြီး၍ လမ်းများနှင့် တံတားများပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။ ထို့ကြောင့် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးများ နှောင့်နှေးရပြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် ကျေးလက်ဦးစီးဌာနသို့ တင်ပြထားကြောင်း၊ အကူအညီများ အမြန်ဆုံးရလိုကြောင်း ဒေသခံများက ပြောပါတယ်။
သစ်တောနှင့်တောရိုင်းတိရစ္ဆာန် ကဏ္ဍ
- ကရင်ပြည်နယ်
- မြဝတီ
- ထီးဝါပလောကျေးရွာ
ဖြစ်ပွားသည့်အချိန်
(mm/dd/yyyy)
လွန်ခဲ့သောနှစ်အနည်းငယ်မှစ
ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား
အမျိုးသမီး, သက်ကြီးရွယ်အို, ကလေးသူငယ်, မသန်စွမ်း, အခြား
ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး
ကရင်
ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း
၂၀၀ဝ ခန့်
အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ
စိုက်ပျိုးမွေးမြူရေးနှင့်ရေလုပ်ငန်း, သွင်းကုန်ထုတ်ကုန်, အခြား
အဓိကပါဝင်ပတ်သက်သူ
တောင်ယာလုပ်ကိုင်သူများ၊ သစ်ထုတ်လုပ်ရောင်းချသူများ
အကြံပြုလိုသည့်ဖြေရှင်းနိုင်မည့် နည်းလမ်းများ
သစ်တောများကာကွယ်ခြင်း၊ သစ်တော များကို အရည်အသွေးပြန်လည်ကောင်းမွန် လာစေရေးတို့ကို လုပ်ဆောင်ပေးလိုပါသည်။ ထို့အပြင် သက်ဆိုင်ရာမှလည်း ဆက်သွယ်ရေး လမ်းများ ပြန်လည်ပြုပြင်ပေးသင့်ပါသည်။