ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာတွင်နှစ်စဉ်ရေကြီးရေလျှံမှုများဖြစ်ကာပျက်စီးမှုများကြုံတွေ့နေရ

Confirmation Status : Reported
October 5, 2020

ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာတွင်နှစ်စဉ်ရေကြီးရေလျှံမှုများဖြစ်ကာပျက်စီးမှုများကြုံတွေ့နေရ

(မြန်မာ့ပတ်ဝန်းကျင်ရေးရာ လေ့လာဆန်းစစ်ချက် ၂၀၁၉ ပြည်သူ့အမြင်သဘောထားများအစီရင်ခံစာမှ ကောက်နှုတ်ဖော်ပြထားပါသည်)
ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာတွင် ဒေသခံများ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများကြောင့် မိုးတွင်းကာလ၌ အမှိုက်များ ချောင်းများတွင် ပိတ်ဆို့ကာ ရေကြီးရေလျှံခြင်းများဖြစ်နေတယ်လို့ ဆိုပါတယ်။

သက်သေမှတ်တမ်းများ

ထိခိုက်ခံစားရသူပြောကြားချက်

သဲဖြူကုန်းကျေးရွာမှာ မိုးတွင်းကာလတိုင်း ရေကြီးရေလျှံမှုများနဲ့ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။ ဒေသခံအချို့ပြောပြချက်အရ ဒေသခံများက အမှိုက်တွေကို စနစ်တကျမစွန့်ပစ်ဘဲ ချောင်း၊မြောင်းတွေထဲကို စွန့်ပစ်လို့ ချောင်း၊ မြောင်းတွေ ပိတ်ဆို့မှု ဖြစ်ရတယ်လို့ ဆိုပါတယ်။ ချောင်း၊ မြောင်းတွေပိတ်လို့ ရေကြီးရေလျှံခြင်းဖြစ်ပေါ်လေ့ရှိပြီး အကျိုးဆက်အနေနဲ့ လယ်မြေ၊ ခြံမြေတွေ ရေမြုပ်ပျက်စီးခြင်း၊ ကျန်းမာရေးများ ထိခိုက်ခြင်း စတာတွေ ကြုံနေရတယ်လို့ ဆိုပါတယ်။

ရေအရင်းအမြစ်ကဏ္ဍ

  • မွန်ပြည်နယ်
  • ပေါင်မြို့နယ်
  • သဲဖြူကုန်းကျေးရွာ

ဖြစ်ပွားသည့်အချိန်

(mm/dd/yyyy)

နှစ်စဉ် မိုးတွင်းကာလ

ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား

အမျိုးသမီး, သက်ကြီးရွယ်အို, ကလေးသူငယ်, မသန်စွမ်း,အခြား

ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး

မွန်၊ ဗမာ

ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း

၉၀၅

အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ

စိုက်ပျိုးမွေးမြူရေးနှင့်ရေလုပ်ငန်း, သွင်းကုန်ထုတ်ကုန်, ကျဘန်းလုပ်ငန်း, အခြား

အဓိကပါဝင်ပတ်သက်သူ

ဒေသခံများ

အကြံပြုလိုသည့်ဖြေရှင်းနိုင်မည့် နည်းလမ်းများ

ဒေသခံများအား အမှိုက်စနစ်တကျစွန့်ပစ်ရေး အသိပညာပေးရန်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ပညာပေး ဆွေးနွေးပွဲများ ပြုလုပ်ရန် လိုအပ်ပါသည်။