ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ကျောက်တံခါးကျေးရွာအနီး သစ်တောများတွင် နွေရာသီတောမီးများလောင်မှုနှင့်သစ်တောများ ပြုန်းတီးမှုများ ကြုံနေရ
(မြန်မာ့ပတ်ဝန်းကျင်ရေးရာ လေ့လာဆန်းစစ်ချက် ၂၀၁၉ ပြည်သူ့အမြင်သဘောထားများအစီရင်ခံစာမှ ကောက်နှုတ်ဖော်ပြထားပါသည်)
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ကျောက်တံခါးကျေးရွာ အနီးရှိ တောတောင်များနှင့် ဆက်စပ်ဒေသများတွင် နွေရာသီတွင် တောမီးများလောင်ကာ သစ်တောများ ပြုန်းတီးနေပြီး ရေရှားပါးမှုများ ဖြစ်ပေါ်လျှက်ရှိနေပါတယ်။ တောင်ယာခုတ်ခြင်း၊ စည်းကမ်းမဲ့ မီးရှို့ခြင်း၊ သစ်အလွန်အကျွံခုတ်ယူသုံးစွဲခြင်း၊ မီးသွေးဖုတ်ခြင်း စသည့်တို့ကြောင့် ဖြစ်ပွားရခြင်းဖြစ်ပါတယ်။
သက်သေမှတ်တမ်းများ
ထိခိုက်ခံစားရသူပြောကြားချက်
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ကျောက်တံခါးကျေးရွာ အနီးရှိ တောတောင်များနှင့် ဆက်စပ်ဒေသများတွင် နွေရာသီ ( ဧပြီ ၊ မေ )လများတွင် တောမီးများလောင်မှု၊ သစ်တောများ ပြုန်းတီးမှု၊ ရေရှားပါးမှုများ ဖြစ်ပေါ်လျှက်ရှိပါသည်။ မိရိုးဖလာတောင်ယာခုတ်ခြင်း၊ စည်းကမ်းမဲ့စွာ မီးရှို့ခြင်း၊ တောလည်သူများ သစ်တောများမီးရှို့ပြီး တောလိုက်ခြင်း၊ သစ်တောများ အလွန်အကျွံခုတ်ယူ၍သုံးစွဲခြင်း၊ မီးသွေးဖုတ်ခြင်း စသည့်တို့ကြောင့် ဖြစ်ပွားရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
သစ်တောနှင့်တောရိုင်းတိရစ္ဆာန် ကဏ္ဍ
- ကရင်ပြည်နယ်
- သံတောင်ကြီး
- ကျောက်တံခါးအောက်ကျေးရွာ
ဖြစ်ပွားသည့်အချိန်
(mm/dd/yyyy)
၂၀၁၉
ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား
အမျိုးသမီး, သက်ကြီးရွယ်အို, ကလေးသူငယ်, မသန်စွမ်း, အခြား
ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး
ကရင်
ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း
၂၀ဝ ကျော်
အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ
စိုက်ပျိုးမွေးမြူရေးနှင့်ရေလုပ်ငန်း, သွင်းကုန်ထုတ်ကုန်, အခြား
အဓိကပါဝင်ပတ်သက်သူ
ဒေသခံများ
အကြံပြုလိုသည့်ဖြေရှင်းနိုင်မည့် နည်းလမ်းများ
တောမီးလောင်မှုကို ကာကွယ်ခြင်း၊ အသိပညာပေးမှုများပြုလုပ်ခြင်းများ လိုအပ်ပါသည်။ ထို့အပြင် စီးပွားရေး အဆင်ပြေရန် အလုပ်အကိုင်အခွင့် အလမ်းများပေးခြင်း၊ လိုအပ်သည့်ပညာပေးဆွေးနွေးပွဲများ ပြုလုပ်ပေးခြင်း များလည်း လိုအပ်လျှက်ရှိပါသည်။