တရားမဝင် သစ်ထုတ်ယူမှုနှင့် မီးသွေးဖုတ်မှုများကြောင့် ရေခမ်းခြောက်ခြင်းနှင့်သီးနှံများ မဖြစ်ထွန်းခြင်းတို့ကြုံနေရ၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၊ ကရင်ပြည်နယ်

Confirmation Status : Reported
October 7, 2020

တရားမဝင် သစ်ထုတ်ယူမှုနှင့် မီးသွေးဖုတ်မှုများကြောင့် ရေခမ်းခြောက်ခြင်းနှင့်သီးနှံများ မဖြစ်ထွန်းခြင်းတို့ကြုံနေရ၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၊ ကရင်ပြည်နယ်

(မြန်မာ့ပတ်ဝန်းကျင်ရေးရာ လေ့လာဆန်းစစ်ချက် ၂၀၁၉ ပြည်သူ့အမြင်သဘောထားများအစီရင်ခံစာမှ ကောက်နှုတ်ဖော်ပြထားပါသည်)
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၊ ကျမိုင်းအုပ်စု၊ ပိန်းသီလာကျေးရွာ တွင် သစ်ခုတ်လှဲထုတ်ယူခြင်းနှင့် မီးသွေးဖုတ်ခြင်းတို့ကြောင့် လွန်ခဲ့သော (၅) နှစ်ခန့်မှစ၍ သစ်တောများပြုန်းတီးခြင်း၊ ရာသီဥတုပြောင်းလဲကာ သီးနှံများ ဆုတ်ယုတ်ပြီး စားဝတ်နေရေး မပြေလည်ခြင်းနှင့် ချောင်း၊ မြောင်း၊ အင်း၊ အိုင်များ ခန်းခြောက်လာခြင်းတို့ ကြုံတွေ့နေရပါတယ်။

သက်သေမှတ်တမ်းများ

ထိခိုက်ခံစားရသူပြောကြားချက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၊ ကျမိုင်းအုပ်စု၊ ပိန်းသီလာကျေးရွာတွင် သစ်ခုတ်လှဲရောင်းချမှုနှင့် မီးသွေးဖုတ်မှုများလာပြီး သစ်တောများပြုန်းတီးခြင်း၊ ရာသီဥတုပြောင်းလဲမှုကြောင့် သီးနှံများ မဖြစ်ထွန်းခြင်း၊ ရေအရင်းအမြစ်များ ခမ်းခြောက်ခြင်းတို့ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

စားဝတ်နေရေးမပြေလည်မှုများကြောင့် သစ်များ ခွဲစိတ်ရောင်းချသုံးယူမှုများလည်း များပြားနေပြီး မီးသွေးဖုတ်ခြင်းကိုလည်း လုပ်ကိုင်ကြတယ်လို့ သိရပါတယ်။ သဘာဝသစ်တောများ ပြုန်းတီးမှုကြောင့် ချောင်း၊ မြောင်း၊ အင်း၊ အိုင်များ ခန်းခြောက်လာခြင်း၊ ရာသီဥတုများဖောက်ပြန်ပြောင်းလဲခြင်း စသည့်ဆိုးကျိုးများ ခံစားနေရပါတယ်လို့ ဆိုပါတယ်။

လက်ရှိခုတ်ယူ ခွဲစိတ်နေသော သစ်များ ဆက်လက်မခုတ်ယူနိုင်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့် အသိပညာပေးမှုလုပ်ဆောင်ပါက ဒေသခံပြည်သူများအနေဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် လာနိုင်ခြေရှိတယ်လို့ ဆိုပြန်ပါတယ်။

သစ်တောနှင့်တောရိုင်းတိရစ္ဆာန် ကဏ္ဍ

  • ကရင်ပြည်နယ်
  • သံတောင်ကြီးမြို့နယ်
  • ပိန်းသီလာကျေးရွာ

ဖြစ်ပွားသည့်အချိန်

(mm/dd/yyyy)

၂၀၁၉

ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား

အမျိုးသမီး, သက်ကြီးရွယ်အို, ကလေးသူငယ်, မသန်စွမ်း, အခြား

ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး

ကရင်

ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း

၂၀၀

အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ

စိုက်ပျိုးမွေးမြူရေးနှင့်ရေလုပ်ငန်း,သွင်းကုန်ထုတ်ကုန်, ကျဘန်းလုပ်ငန်း, အခြား

အဓိကပါဝင်ပတ်သက်သူ

ဒေသခံများ

အကြံပြုလိုသည့်ဖြေရှင်းနိုင်မည့် နည်းလမ်းများ

ဒေသခံပြည်သူများကို အသိပညာပေးကာ ဒေသတွင်း သစ်တောများ ပြန်လည်စိုက်ပျိုးခြင်း၊ ထိန်းသိမ်းခြင်း တို့အတွက် မျိုးစေ့၊ ပျိုးပင်များ ထောက်ပံ့ပေးရန် လိုအပ်ပါသည်။ ရေ၊ မီး နှင့် လမ်းများ အဆင်ပြေရန်လည်း အကူအညီများ လိုအပ်လျှက်ရှိပါသည်။