ဘိလပ်မြေစက်ရုံနှင့်ကျောက်မိုင်းများကြောင့်ရေများအမည်းရောင်၊အနီရောင်များပြောင်းလာကာငါးများသေဆုံးနေခြင်း၊ဘားအံ၊ ကရင်ပြည်နယ်

Confirmation Status : Reported
October 7, 2020

ဘိလပ်မြေစက်ရုံနှင့်ကျောက်မိုင်းများကြောင့်ရေများအမည်းရောင်၊အနီရောင်များပြောင်းလာကာငါးများသေဆုံးနေခြင်း၊ဘားအံ၊ ကရင်ပြည်နယ်

(မြန်မာ့ပတ်ဝန်းကျင်ရေးရာ လေ့လာဆန်းစစ်ချက် ၂၀၁၉ ပြည်သူ့အမြင်သဘောထားများအစီရင်ခံစာမှ ကောက်နှုတ်ဖော်ပြထားပါသည်)
ကရင်ပြည်နယ်၊ သံလွင်မြစ်အနောက်ဘက်ခြမ်းနှင့် ဒုံသမိမြစ်အကြားရှိကျေးရွာများတွင် ဘိလပ်မြေစက်ရုံနှင့် ကျောက်မိုင်းများကြောင့် ရေများအမဲရောင်ပြောင်းလဲလာခြင်း၊ ငါးများသေဆုံးခြင်းများ ကြုံတွေ့နေရတယ်လို့ ဒေသခံများက ဆိုပါတယ်။

သက်သေမှတ်တမ်းများ

ထိခိုက်ခံစားရသူပြောကြားချက်

ကရင်ပြည်နယ်၊ သံလွင်မြစ်အနောက်ဘက်ခြမ်းနှင့် ဒုံသမိမြစ်အကြားရှိကျေးရွာများတွင် ရေများအရောင်ပြောင်းလဲလာခြင်း၊ ငါးများသေဆုံးခြင်း၊ မိုးတွင်းကာလ ရေများချိန်၌ မသိသာဘဲ ရေနည်းလာသောအခါ ပတ်ဝန်းကျင် လယ်ကွင်းများ၊ စပါးကွက်များ၊ ရေတွင်းရေကန်များ နှင့် အဝီစိတွင်းများ၌ ရေများ အမဲရောင်ပြောင်းလဲလာခြင်းများ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။ အကြောင်းမှာ အနီးတဝိုက်၌ ဘိလပ်မြေစက်ရုံ နှစ်ရုံတည်ရှိခြင်း၊ ကျောက်မိုင်းခွဲခြင်းတို့ ဖြစ်နိုင်ပြီး ရေတွင်းရေကန်များ၌ အနီရောင်ဆီအမြှုပ်များထ၍ ငါးများ အစုလိုက်အပြုံလိုက် သေဆုံးခြင်းများလည်း ရှိနေတယ်လို့ ဆိုပါတယ်။

၎င်းမှာလည်း ကျောက်မီးသွေး အသုံးပြုခြင်းများကြောင့် ဖြစ်နိုင်တယ်လို့ဆိုပါတယ်။ ရေတွင်း၊ အဝီစိတွင်းများ တူးဖော်ထားသော်လည်း ရေများမှာ ကောင်းမွန်မှုမရှိတော့ပါ။ ဘိလပ်မြေစက်ရုံ (၂) ရုံမှထွက်သော အခိုးအငွေ့များ၊ ရေဆိုးမြောင်းများ၊ စက်ရုံလည်ပတ်ရန်အသုံးပြုသော ကျောက်မီးသွေးသယ်ဆောင်ခြင်းများစနစ်တကျ မပြုလုပ်ခြင်း များလည်းတွေ့ရပါတယ်။ကျေးရွာရှိ လူ၊ ကျွဲ၊ နွား၊ တိရိစ္ဆာန်များအတွက် ရေကောင်းရေသန့် ရှားပါးလာခြင်း၊၊ ဇီဝမျိုးကွဲများနှင့် ငါးများရှားပါးလာခြင်း၊ ကျန်းမာရေး ရောဂါဘယများ ထူပြောလာခြင်းတို့ ဖြစ်နေတယ်လို့ ဆိုပါတယ်။ တာဝန်ရှိသူများမှလည်း တိကျသော အဖြေများ မပေးနိုင်ဘဲ ဒေသခံပြည်သူများကို ပြဿနာဖြစ်ပြီဆိုမှ မက်လုံးပေးစည်းရုံးကြခြင်းများ ရှိနေတယ်လို့ ဆိုပါတယ်

ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသေများယူဆောင်၍ဓါတ်ခွဲစမ်းသပ်ပေးပြီး တာဝန်ရှိသူများမှ သောက်လို့ရပါသည်ဟုပင် ပြောကြားထားကြောင်း ဒေသခံများက ပြောပါတယ်။ ထိုသို့ ပတ်ဝန်းကျင်ပျက်စီးမှု၊ ရေအရောင်ပြောင်းလဲမှု၊ ငါးများသေဆုံးမှုကို စက်ရုံနှင့် ပတ်သက်မှု ရှိ/မရှိ တာဝန်ရှိသူများမှ သေချာတိကျစွာ ဖြေရှင်းပေးနိုင်မှုများ မရှိသေးကြောင်း သိရပါတယ်။

ပတ်ဝန်းကျင်ညစ်ညမ်းမှုကဏ္ဍ

  • ကရင်ပြည်နယ်
  • ဘားအံမြို့နယ်
  • သံလွင်မြစ်အနောက်ဘက်ခြမ်းနှင့် ဒုံသမိမြစ်အကြားရှိကျေးရွာများ

ဖြစ်ပွားသည့်အချိန်

(mm/dd/yyyy)

၂၀၁၉

ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား

အမျိုးသမီး, သက်ကြီးရွယ်အို, ကလေးသူငယ်, မသန်စွမ်း, အခြား

ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး

မွန်၊ ကရင် ၊ ဗမာ

ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း

အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ

စိုက်ပျိုးမွေးမြူရေးနှင့်ရေလုပ်ငန်း, အခြား

အဓိကပါဝင်ပတ်သက်သူ

အနီးနားရှိ ဘိလပ်မြေစက်ရုံ ၂ ရုံ

အကြံပြုလိုသည့်ဖြေရှင်းနိုင်မည့် နည်းလမ်းများ

တိကျသော၊ ပွင့်လင်းမြင်သာသော ဓါတ်ခွဲစမ်းသပ်မှုများပြုပေးပြီး ထုတ်ပြန်သင့်ပါသည်။