စက်မှုဇုန်စီမံကိန်းကြောင့် ဒေသခံမြေယာများ ဆုံးရှုံး၊ နှစ်ကရင်ကျေးရွာ၊ ရေးမြို့နယ်၊ မွန်ပြည်နယ်
သက်သေမှတ်တမ်းများ
ထိခိုက်ခံစားရသူပြောကြားချက်
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာတွင် Southern Myanmar Development (SMD) စီမံကိန်းမှ ၂၀၁၈ ခုနှစ်တွင် ကျေးရွာ၏ စိုက်ကွင်းမြေနေရာများအား မြေထိုးခြင်း၊ မြေညှိခြင်းများ စတင်လုပ်ဆောင်ခြင်းကြောင့် ကျေးရွာသား များအနေဖြင့် လယ်ယာမြေဆုံးရှုံးမှုများကြုံတွေ့နေရပါတယ်။ စီမံကိန်းဧရိယာ (၅၀၀) ဧကကျော်ကို ဖြတ်သန်းသွားလာခွင့် ကန့်သတ်ထားတဲ့အတွက် သွားလာရခက်ခဲခြင်းနှင့် စက်မှုဇုံစီမံကိန်းပါ ရေနက်ဆိပ်ကမ်းကြောင့် ပင်လယ်ငါးဖမ်းလုပ်ငန်းများ မလုပ်ကိုင်ရမည်ကို စိုးရိမ်ပူပန်မှုများ ကြုံတွေ့နေရကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရပါတယ်။
မြေယာကဏ္ဍ
- မွန်ပြည်နယ်
- ရေးမြို့နယ်
- နှစ်ကရင်ကျေးရွာ
ဖြစ်ပွားသည့်အချိန်
(mm/dd/yyyy)
၂၀၁၈
ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား
အမျိုးသမီး, သက်ကြီးရွယ်အို, ကလေးသူငယ်, မသန်စွမ်း, အခြား
ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး
မွန်၊ ကရင်၊ ဗမာ
ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း
၂၀၀ဝ ကျော်
အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ
စိုက်ပျိုးမွေးမြူရေးနှင့်ရေလုပ်ငန်း,သွင်းကုန်ထုတ်ကုန်, ရွေ့ပြောင်းလုပ်သား, ကျဘန်းလုပ်ငန်း, အခြား
အဓိကပါဝင်ပတ်သက်သူ
Southern Myanmar Development (SMD) စက်မှုဇုံစီမံကိန်း