သစ်တောများပြုန်းတီးကာ ရေကြီးရေလျှံ၊ စိုက်ပျိုးသီးနှံများ ရေမြုပ်၊ ကိုးမိုင်ကျေးရွာ၊ ရေးမြို့နယ်၊ မွန်ပြည်နယ်
(မြန်မာ့ပတ်ဝန်းကျင်ရေးရာ လေ့လာဆန်းစစ်ချက် ၂၀၁၉ ပြည်သူ့အမြင်သဘောထားများအစီရင်ခံစာမှ ကောက်နှုတ်ဖော်ပြထားပါသည်)
ရေးမြို့နယ်၊ ကိုးမိုင်ကျေးရွာတွင် သစ်တောများပြုန်းတီးမှုကြောင့် နုံးမြေပို့ချများလာကာ ချောင်းများတိမ်ကောလာတယ်လို့ဆိုပါတယ်၊ ချောင်းတိမ်ကောမှုကြောင့် ကျေးရွာတစ်ရွာလုံး ရေနစ်မြုပ်ခြင်း၊ လယ်မြေ၊ ဥယျာဉ်ခြံများ ပျက်စီးဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
သက်သေမှတ်တမ်းများ
ထိခိုက်ခံစားရသူပြောကြားချက်
ရေးမြို့နယ်၊ကိုးမိုင်ကျေးရွာတွင် သစ်တောများပြုန်းတီးမှုကြောင့် ချောင်းများထဲသို့ နုံးမြေပို့ချမှုများကာ ချောင်းများတိမ်ကောလာနေတယ်လို့ ဆိုပါတယ်။၂၀၁၉ ခုနှစ် ဩဂုတ်လ (၉)ရက်နေ့တွင် မိုးများပြီး ကျေးရွာတစ်ရွာလုံး ရေနစ်မြုပ်ခြင်း၊ အိုးအိမ်များ၊ လုပ်ကိုင်စားသောက်သည့် လယ်မြေ၊ ဥယျာဉ်ခြံများ ပျက်စီးဆုံးရှုံး မှုများ ကြုံတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
ပတ်ဝန်းကျင်ညစ်ညမ်းမှု ကဏ္ဍ
- မွန်ပြည်နယ်
- ရေးမြို့နယ်
- ကိုးမိုင်ကျေးရွာ
ဖြစ်ပွားသည့်အချိန်
(mm/dd/yyyy)
၂၀၁၉
ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား
အမျိုးသမီး, သက်ကြီးရွယ်အို, ကလေးသူငယ်, မသန်စွမ်း, အခြား
ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး
မွန်၊ ကရင်၊ ဗမာ
ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း
၃၀၀ဝ ကျော်
အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ
စိုက်ပျိုးမွေးမြူရေးနှင့်ရေလုပ်ငန်း, သွင်းကုန်ထုတ်ကုန်, ရွေ့ပြောင်းလုပ်သား, ကျဘန်းလုပ်ငန်း, အခြား
အဓိကပါဝင်ပတ်သက်သူ
ကျေးရွာဒေသခံများ
အကြံပြုလိုသည့်ဖြေရှင်းနိုင်မည့် နည်းလမ်းများ
သစ်ထုတ်လုပ်အသက်မွေးဝမ်းကျောင်းသူများအနေဖြင့် သစ်ထုတ်လုပ်မှု လျှော့ချနိုင် ရန်အတွက် သက်ဆိုင်ရာအစိုးရနှင့် အဖွဲ့အစည်းများမှ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် ဖန်တီးပေးစေလိုပါသည်။