သစ်ထုတ်လုပ်မှုများကြောင့် တောင်ပြို၊ ရေကြီးကာ နေအိမ်များ ရေမြုပ် မြေပိ၊ မာရ်အောင်ကျေးရွာ၊ ရေးမြို့နယ်
သက်သေမှတ်တမ်းများ
ထိခိုက်ခံစားရသူပြောကြားချက်
ရေးမြို့နယ်၊ မန်အောင်ကျေးရွာ နှင့် ကိုးမိုင်ကျေးရွာ ရှိ ကျေးရွာသူ၊ ကျေးရွာသားများသည် မိမိတို့စားဝတ်နေရေးအတွက် မိရိုးဖလာအရ သစ်ထုတ်လုပ်ငန်းကို လုပ်ကိုင်ပါတယ်။ ထိုသစ်ထုတ်မှုများ ကြောင့် သစ်တောများပြုန်းတီးပြီး မိုးများချိန်တွင် တောင်ကျချောင်းရေများကြောင့် ကျေးရွာတစ်ရွာလုံး ရေမြုပ်ခံရခြင်း၊ နုံးမြေပို့ချမှုကြောင့် ချောင်းများတိမ်ကောလာခြင်းတို့ကို ကြုံတွေ့နေရတယ်လို့ ဒေသခံများက ဆိုပါတယ်။ ကျေးရွာတစ်ရွာလုံးရေနစ်မြုပ်ခြင်းများ၊ အိုးအိမ်များ၊ လုပ်ကိုင်စားသောက်သည့် လယ်မြေ၊ ဥယျာဉ်ခြံများ ပျက်စီးဆုံးရှုံး မှုများလည်း ကြုံတွေ့နေရပါတယ်။ ကျေးရွာသူ၊ ကျေးရွာသားများအနေဖြင့် သစ်ထုတ်လုပ်မှု လျှော့ချပြီး သစ်ပင်များပြန်လည်စိုက်ပျိုးရန်နှင့် ရေနုတ်မြောင်း များတူးဖော်ရန် ကြိုးစားနေကြပြီး သက်ဆိုင်ရာအစိုးရဌာနများအနေဖြင့် အလုပ်အကိုင် အခွင့်အလမ်း များရရှိရန် ဖန်တီးပေးစေလိုနေကြပါတယ်။
ပတ်ဝန်းကျင်ညစ်ညမ်းမှုကဏ္ဍ
- မွန်ပြည်နယ်
- ရေးမြို့နယ်
- မာရ်အောင်ကျေးရွာ
ဖြစ်ပွားသည့်အချိန်
(mm/dd/yyyy)
၂၀၁၉
ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား
အမျိုးသမီး, သက်ကြီးရွယ်အို, ကလေးသူငယ်, မသန်စွမ်း, အခြား
ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး
မွန်၊ ကရင်၊ ဗမာ
ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း
၃၀၀ဝ ကျော်
အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ
စိုက်ပျိုးမွေးမြူရေးနှင့်ရေလုပ်ငန်း, သွင်းကုန်ထုတ်ကုန်, ကျဘန်းလုပ်ငန်း, အခြား
အဓိကပါဝင်ပတ်သက်သူ
ကျေးရွာဒေသခံများ