သံလွင်မြစ်ဝ နုန်းပို့ချမှုကြောင့် နုန်းဘောင်များ ပေါ်ထွန်းကာစိုက်ခင်းများ ရေလွှမ်းပြီး ရေငံများဝင်ရောက်သဖြင့်ပျက်စီးမှုဖြစ်နေ၊ကလွီကျေးရွာ၊ ချောင်းဆုံမြို့နယ်
(မြန်မာ့ပတ်ဝန်းကျင်ရေးရာ လေ့လာဆန်းစစ်ချက် ၂၀၁၉ ပြည်သူ့အမြင်သဘောထားများအစီရင်ခံစာမှ ကောက်နှုတ်ဖော်ပြထားပါသည်)
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ကလွီကျေးရွာတွင် လွန်ခဲ့သောနှစ်ပေါင်း (၁၀)နှစ်ခန့်မှ စတင်၍ သံလွင်မြစ်ဝတွင် နုန်းဘောင်များပေါ်ထွန်းလာပြီး ရေကြီးရေလျှံမှုများကြောင့် စိုက်ပျိုးမြေများဆုံးရှုံးခြင်း၊ ရေငံဝင်ရောက်မှုကြောင့် သီးနှံများ ပျက်စီးခြင်း၊ အလုပ်အကိုင် မကောင်းသဖြင့် နေရပ်စွန့်ခွာမှုများပြားလာခြင်း စသည်တို့ကို ကြုံတွေ့နေရပါသည်။
သက်သေမှတ်တမ်းများ
ထိခိုက်ခံစားရသူပြောကြားချက်
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ကလွီကျေးရွာတွင် ကျေးရွာသားများအနေဖြင့် လွန်ခဲ့သောနှစ်ပေါင်း (၁၀)နှစ်ခန့်မှ စတင်၍ သံလွင်မြစ်ဝတွင် နုန်းဘောင်များပေါ်ထွန်းလာပြီး ရေကြီးချိန်တွင် ရေလျှံမှုများကြောင့် စိုက်ပျိုးမြေများဆုံးရှုံးခြင်း၊ ရေငံဝင်ရောက်မှုကြောင့် သီးနှံများ စိုက်ပျိုးရာတွင် ပျက်စီးခြင်း၊ ဒေသခံများအနေဖြင့် အလုပ်အကိုင် ရှားပါးမှုနှင့် စီးပွားရေးအဆင်မပြေမှုများကြောင့် နေရပ်စွန့်ခွာမှုများပြားလာခြင်း စသည်တို့ကို ကြုံတွေ့နေရ တယ်လို့ဆိုပါတယ်။
စိုက်ပျိုးရေးနှင့် သားငါးသယံဇာတ ကဏ္ဍ
- မွန်ပြည်နယ်
- ချောင်းဆုံမြို့နယ်
- ကလွီကျေးရွာ
ဖြစ်ပွားသည့်အချိန်
(mm/dd/yyyy)
၂၀၁၀
ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား
အမျိုးသမီး, သက်ကြီးရွယ်အို, အခြား
ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး
မွန်၊ ဗမာ
ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း
၃၀၀ဝ ကျော်
အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ
စိုက်ပျိုးမွေးမြူရေးနှင့်ရေလုပ်ငန်း, သွင်းကုန်ထုတ်ကုန်, အခြား
အဓိကပါဝင်ပတ်သက်သူ
ကျေးရွာသားများ
အကြံပြုလိုသည့်ဖြေရှင်းနိုင်မည့် နည်းလမ်းများ
လယ်မြေများ ဆက်လက်မဆုံးရှုံးရန်နှင့် ပြန်လည်စိုက်ပျိုးလုပ်ကိုင်နိုင်ရန် နည်းလမ်းများကို ပညာရှင်အဖွဲ့အစည်းများနှင့် သက်ဆိုင်ရာမှ လမ်းညွှန်ကူညီပေးစေလိုပါသည်။