နန့်ရန်းခါးချောင်းအတွင်း ရွှေမျောများမှ စွန့်ပစ်မြေဇာနှင့် မျောမီးများကြောင့် ငါးရစ်၊ငါးသန်များ ပျောက်ဆုံးခြင်းနှင့် ငါးမျိုးတုံးပျောက်ကွယ်ခြင်း

Confirmation Status : Verified
December 19, 2022

နန့်ရန်းခါးချောင်းအတွင်း ရွှေမျောများမှ စွန့်ပစ်မြေဇာနှင့် မျောမီးများကြောင့် ငါးရစ်၊ငါးသန်များ ပျောက်ဆုံးခြင်းနှင့် ငါးမျိုးတုံးပျောက်ကွယ်ခြင်း

(ကချင်ပြည်နယ်ရှိ ပတ်ဝန်းကျင်ရေးရာလှုပ်ရှားနေသော အရပ်ဘက်အဖွဲ့အစည်းမှ သတင်းပေးပို့ပါသည်။)
ကချင်ပြည်နယ်၊ အင်းတော်ကြီး‌ကန်ဒေသ မမုန်ကိုင်ကျေးရွာနှင့် လုံးတုံ ကျေးရွာကြားမှ အင်းတော်ကြီးကန်အတွင်း စီးဝင်သော နန့်ရန်းခါချောင်းမှာ နှစ်စဉ် ငါးရစ်၊ ငါးသန်များရှင်သန် ပေါက်ပွားရာ နေရာတစ်ခုဖြစ်ပြီး၊ ဒေသတွင်း ရေလုပ်သားတို့၏ အသက်မွေးဝမ်းကျောင်းပြုရာ နေရာတစ်ခုဖြစ်သည့် အပြင် အင်တော်ကြီးကန်ကို ရေဖြည့်ပေးနေသည့် အသက်ဝင်လှသည့် ချောင်းတစ်ခုဖြစ်ပါသည်။ နှစ်စဉ် ငါးမျိုးစိတ်များစွာကို ‌ဒေသတွင်းရေလုပ်သားတို့ အတွက် ပိသာ ထောင်သောင်းချီထုတ်လုပ်နိုင်သော ရေလုပ်သားတို့၏ စာကျက်တစ်ခု ဟုဆိုလျှင် မှားနိုင်မည်မဟုတ်ပေ။ ၂၀၂၁ခုနှစ် (၅)လပိုင်းမှစ၍ နန့်ရန်းခါချောင်းမှာ ရေကို ရွှေမျောများမှ ရေစုပ်စက်ကြီး (၆လုံးထိုးများ) အလုံး (၄၀)ကျော်ဖြင့် နေ့စဉ် ရေမောင်းသည့်အတွက် ချောင်းရေများ ခမ်းခြောက်လာခြင်း၊ ချောင်းအတွင်း မျောစာ (နွံအနှစ်များ) ပြန်ချသည့်အတွက် ရေနောက်သည့်အပြင် ချောင်းကော လာခြင်းတို့ကြောင့် ပုံမှန်တက်နေကြ ငါးတွေလည်း မတက်တော့သည့်အပြင် ငါးမျိုးစိပ်များ မျိုးတုန်းပျောက်ကွယ်မည့် ဘေးနှင့် ကြုံတွေ့နေရပါသည်။ ထိုအပြင် ‌‌အင်းတော်ကြီး‌ဒေသရှိ ရေလုပ်သားများအနေဖြင့် ယခင်နှစ်များလို ငါးမရတော့သည့် အတွက် စားဝတ်နေရေး အခက်အခဲများ ကြုံတွေ့နေရပါသည်။ ၎င်းအပြင် ယခုနှစ်က ဖမ်းမိတဲ့ ငါးတွေမှာလဲ ‌ဒေသအခေါ် ငါးအူစီဘောင်းတွေ မပါတော့ဘူး၊ ‌ဒေသခံတွေကတော့ ငါးတွေတောင် ငါးကင်ဆာ ဖြစ်နေကြပြီးလို့ ပြောနေကြပါတယ်။ နန့်ရန်းခါချောင်းမှာ အင်းတော်ကြီးကန်အတွင်းရှိ ငါးများ အတွက် ငါးရစ်၊ ငါးသန်များ ပေါက်ပွားကြီးပြင်း ရှင်သန်ရာ ဂေဟစနစ်တစ်ခုဖြစ်ပြီး၊ ယခုအခါအင်းတော်ကြီး ကန်၏ ဂေဟစနစ်ကိုပါ ထိခိုက်လာနိုင်ပါသည်။

သက်သေမှတ်တမ်းများ

ထိခိုက်ခံစားရသူပြောကြားချက်

အရင်တုန်းကတော့ ကျနော်တို့ဒေသက အေးအေးချမ်းချမ်းပါဘဲ အခုလို ရွှေမျော အကြီးစားတွေလဲ မရှိဘူး တနိုင်တပိုင် လက်ဝိုင်းလေးတွေဘဲရှိတယ်၊ ကိုယ်လယ်ယာချောင်းမြောင်း မှာဘဲ လုပ်ကိုင်စားသောက်ကြတာပေါ့ အခုတော့ အဲလိုမဟုတ်တော့ဘူး ကိုယ်လယ်လေးတွေ စျေးကောင်းပေးတော့ လည်း ရောင်းပြီး ဒီလုပ်ငန်းတွေမှာဘဲ ပြန်ရင်းနှီးကြည့်တယ် ကိုယ့်လုပ်ကွက်က ရွှေမကျလို့ ရှုံးတော့ ရှိတဲ့လယ်ကွက်ပါ ဆုံးရှုံးသွားပြီး လက်လုပ်လက်စားဘဝရောက်တော့တာပေါ့။ အခုတော့ သူများရွှေ လုပ်ကွက်တွေမှာ နေ့စားလုပ် နေရပြီ၊ ပိုမိုခက်ခဲလာတဲ့သူတွေပိုများလာတယ်။

သတ္တုတွင်းကဏ္ဍ
  • ကချင်ပြည်နယ်
  • မိုးညှင်းမြို့နယ်
  • မိုင်းနောင်ကျေးရွာ၊ လုံးတုံကျေးရွာ

ဖြစ်ပွားသည့်အချိန်

(mm/dd/yyyy)

မေလ၊ ၂၀၂၁ နောက်ပိုင်း

ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား

အမျိုးသမီး, သက်ကြီးရွယ်အို, ကလေးသူငယ်, မသန်စွမ်း

ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး

ရှမ်းနီ၊ တိုင်းလုံရှမ်း၊ ကချင်

ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း

(၂၀၀) ခန့်

အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ

စိုက်ပျိုးရေးလုပ်ငန်း

အဓိကပါဝင်ပတ်သက်သူ

ရွှေမျောလုပ်ငန်းရှင်များ(ဒေသခံ)နှင့် သစ်တောဦးစီးဌာန၊ မြေတိုင်းဦးစီးဌာန၊ အုပ်ချုပ်ရေး အဖွဲ့အစည်း

အကြံပြုလိုသည့်ဖြေရှင်းနိုင်မည့် နည်းလမ်းများ

ရွှေမျောများ ဆောင်ရွက်သည့်အခါ စနစ်တကျတူးဖော်ရန် တရုတ်ပြည် နယ်စပ် သတ္ထုတွင်းတွေကို လေ့လာရေး ရောက်တုန်းက သူတို့ လုပ်ကိုင်တဲ့ ပုံစံတွေကို သဘောကြတယ်၊ အပေါ်ယံ မြေကို အရင်တူးပြီးပုံတယ်၊ ခါးကြောကိုလည်း တူးပြီး သပ်သပ်ပုံထားတယ် ပြီးမှ သတ္ထုတူးတာ လိုချင်တာရ ပြီးမှ စွန့်ပစ်မြေကိုပြန်ဖို့ပြီး ခါးကြောမြေကိုဖို့တယ် နောက်ဆုံးမှ အပေါ်ယံမြေကို ပြန်ဖုံးပြီး သစ်ပင်ပြန်စိုက်ပေးတယ်။ ကျနော်တို့ဆီမှာ အဲလို စနစ်တကျလုပ်ဖို့ လိုပေမဲ့ ဘယ်သူကမှ ဘယ်အဖွဲ့ကမှ ဦးစီးပြီး စီမံမအုပ်ချုပ်မှုမရှိတော့ ပတ်ဝန်းကျင် ပျက်ဆီးမှုက ပိုမိုမြန်ဆန်နေပါတယ်။