တရားမဝင် သစ်ထုတ်ယူများနှင့် ပုဂ္ဂလိကပိုင်ခြံများ တိုးပွားလာသဖြင့် သစ်တောများ ပြုန်းတီးနေ၊ လှကဇိုင်းကျေးရွာ၊ ကျိုက်မရောမြို့နယ်
သက်သေမှတ်တမ်းများ
ထိခိုက်ခံစားရသူပြောကြားချက်
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ လှကဇိုင်းကျေးရွာတွင် အုပ်ချုပ်မှုများ လျော့နည်း၍ အဂတိလိုက်စားမှုများ များပြားနေပြီး ဦးစီးဆောင်ရွက်မည့် အဖွဲ့အစည်းများ နည်းပါးခြင်းတို့ကြောင့် တရားမဝင် သစ်ထုတ်ယူများ များပြားလာနေတယ်လို့ ဒေသခံများက ဆိုပါတယ်။ လွန်ခဲ့သော ၂၀၀၉ ခုနှစ်ခန့်မှစတင်၍ ကျေးရွာပိုင်သစ်တောများနေရာတွင် ပုဂ္ဂလိကပိုင်ခြံများ အစားထိုးနေရာယူလာပြီး ယခုအချိန်တွင် ထိုသစ်တောများ ပျောက်ကွယ်လုဖြစ်နေတယ်လို့ဆိုပါတယ်။ နေအိမ်များတိုးချဲ့လာခြင်းနှင့် ကျေးရွာပိုင် ရေနုတ်မြောင်းများ ပိတ်ဆို့ပျက်စီးလာခြင်းတို့ကိုလည်း ဒေသတွင် ကြုံတွေ့နေရပါတယ်။ ကျေးရွာသူ၊ ကျေးရွာသားများအနေဖြင့် သစ်တောနှင့်ဇီဝမျိုးစိတ်များ ပျောက်ကွယ် နေခြင်းကြောင့် သစ်တောများခုတ်လှဲမှုကို တားမြစ်သော်လည်း အရာမရောက်ခြင်းနှင့် ရေနုတ်မြောင်းများ ပြန်လည် ဖော်ဆောင်ရန် တင်ပြမှု များ မအောင်မြင်ကြောင်း ပြောပါတယ်။ အကြောင်းအရင်းကတော့ စီမံအုပ်ချုပ်မှုအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများနှင့် လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် ဒေသခံများထာက် ပုဂ္ဂလိက လုပ်ငန်းရှင် များကို ကာကွယ်နေခြင်းကြောင့် ဖြစ်တယ်လို့ ဒေသက ဆိုပါတယ်။
သစ်တောနှင့်တောရိုင်းတိရစ္ဆာန် ကဏ္ဍ
- မွန်ပြည်နယ်
- ကျိုက်မရောမြို့နယ်
- လှကဇိုင်းကျေးရွာ
ဖြစ်ပွားသည့်အချိန်
(mm/dd/yyyy)
၂၀၀၉
ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား
အမျိုးသမီး, သက်ကြီးရွယ်အို, ကလေးသူငယ်, မသန်စွမ်း, အခြား
ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး
မွန်၊ ဗမာ
ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း
၄၀၀ဝကျော်
အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ
စိုက်ပျိုးမွေးမြူရေးနှင့်ရေလုပ်ငန်း, အခြား
အဓိကပါဝင်ပတ်သက်သူ
စီမံအုပ်ချုပ်မှုအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများနှင့် လက်နက်ကိုင် အဖွဲ့အစည်းများ