တရားမဝင်သစ်ထုတ်မှုနှင့် အုတ်ထင်းများ ထုတ်ယူမှုများပြားလာခြင်းကြောင့် ရေထွက်များ ခမ်းခြောက်လာပြီး စိုက်ပျိုးရေ လုံလောက်မှု လျှော့နည်းလာ၊ မိုးညှင်းမြို့နယ်၊ ကချင်ပြည်နယ်

Confirmation Status : Verified
December 19, 2022

တရားမဝင်သစ်ထုတ်မှုနှင့် အုတ်ထင်းများ ထုတ်ယူမှုများပြားလာခြင်းကြောင့် ရေထွက်များ ခမ်းခြောက်လာပြီး စိုက်ပျိုးရေ လုံလောက်မှု လျှော့နည်းလာ၊ မိုးညှင်းမြို့နယ်၊ ကချင်ပြည်နယ်

(ကချင်ပြည်နယ်ရှိ ပတ်ဝန်းကျင်ရေးရာလှုပ်ရှားနေသော အရပ်ဘက်အဖွဲ့အစည်းမှ သတင်းပေးပို့ပါသည်။)
မိုးညှင်းမြို့နယ်၊ မော်ဟန်ကြိုးဝိုင်းအတွင်းမှ အုတ်ထင်းထုတ်ယူမှုသည် နှစ်စဉ် ကားအစီး(၅၀၀)ခန့်ကို (၁၂)လရာသီပတ်လုံးထုတ်ယူလျှက်ရှိပြီး ယခင်က ကျေးရွာနှင့် ဝေးသော တောများမှ ထုတ်ယူသော်လည်း၊ ၂၀၂၁ ခုနှစ်နောက်ပိုင်းတွင် နီးစပ်ရာတောများမှ ထုတ်ယူလျှက်ရှိပါသည်။ ၎င်းအပြင် တရားမဝင် သစ်ထုတ်မှုများမှာလဲ ၂၀၂၁/၂၀၂၂ နောက်ပိုင်းတွင် ဝင်ရောက်ထုတ်ယူမှု များပြားလာပြီး တွေ့ရှိမှု ခပ်စိပ်စိပ် တွေ့ရှိ လာပါသည်။ မော်ဟန် အစုအဖွဲ့ပိုင် သစ်တောအတွင်း ဝင်ရောက်ထုတ်လုပ်နေသော တရားမဝင် သစ်ခွဲသား (၆)တန်ခန့် တင်ဆောင်လာသော သစ်ကားတစ်စီးကို ၂၀၂၂ခုနှစ် ဧပြီလတွင် ဖမ်းဆီးရမိပြီး နောက်ပိုင်းတွင် အစုအဖွဲ့ပိုင်တောတွင်း တရားမဝင်သစ် ခိုးထုတ်မှုများကို ရပ်တန့်နိုင်ခဲ့သော်လည်း မော်ဟန်ကြိုးဝိုင်းအတွင်းမှ ထင်း၊ မီးသွေးနှင့် အုတ်ထင်း ထုတ်ယူမှုများကိုတော့ မတားဆီးနိုင်ခဲ့ပေ။ ယခုကဲ့သို့ တရားမဝင်သစ်နှင့် ထင်းမီးသွေးများ ထုတ်ယူမှု ပိုမိုများပြားလာပါက သစ်တောပြုန်းတီးမှာ ပိုမိုမြန်ဆန်လာပြီး ဒေသတွင်း ကျေးရွာများဖြစ်သည့် မော်ဟန် ကျေးရွာ၊ နန့်စီးအောင်ကျေးရွာနှင့် မော်လူးကျေးရွာမှ စိုက်ပျိုးရေနှင့် သောက်သုံးရေ အသုံးပြုနေသော လေးတန်ချောင်း(ခ) နန့်ချီချောင်းမှာ ပိုမိုခက်ခဲလာမည်ဖြစ်သည်။

သက်သေမှတ်တမ်းများ

ထိခိုက်ခံစားရသူပြောကြားချက်

ကျမတို့လယ်တွေက လေးတန်ချောင်းကနေ ရေယူစိုက်ရတာ အခု သစ်တောတွေက တဖြည်းဖြည်းပြုန်းတီးလာတော့ ကျမတို့လယ်တွေ ရေမရကြဘူး။ အပေါ်မှာလည်း အခုဆို ရွှေမျော တွေက ပိုများလာတော့ ရေပိုခမ်းတာပေါ့။ မနှစ်ကဆို ကျမလယ် ရေမအောင်တော့ စားဖို့ မဖူလုံဘူး၊ ဝယ်စားရတယ် ဒီနှစ်ဆိုရင်လည်း စျေးကြီးတော့ မလွယ်ဘူး ရေကလည်း အရင်လို မကြည်လင်တော့ဘူး မျောမီးစာတွေ များလာတယ်။ ဒီအတိုင်းဘဲ ရွှေဆက်ပြီးတူးနေပြီး သစ်တွေဆက်ခုတ်နေမယ်ဆိုရင်တော့ ကျမတို့ ‌ဒေသခံတွေ အတွက် စားဝတ်နေရေးက ပိုခက်လိမ့်မယ်။

ရေအရင်းအမြစ်ကဏ္ဍ
  • ကချင်ပြည်နယ်
  • မိုးညှင်းမြို့နယ်
  • မော်ဟန်၊ မော်လူးနှင့် နန့်စီးအောင်ကျေးရွာ

ဖြစ်ပွားသည့်အချိန်

(mm/dd/yyyy)

၂၀၂၁ နောက်ပိုင်း

ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား

ဒေသတွင်း ‌တောင်သူများ

ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး

ကချင်၊ ရှမ်းနီ၊ တိုင်းလျှံ၊ ဗမာ၊ ရှမ်းတရုတ်

ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း

၄၀၀၀ ‌ကျော်

အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ

စိုက်ပျိုးရေးလုပ်ငန်း

အဓိကပါဝင်ပတ်သက်သူ

သစ်တောဦးစီးဌာနနှင့် အုတ်လုပ်ငန်းရှင်များ

အကြံပြုလိုသည့်ဖြေရှင်းနိုင်မည့် နည်းလမ်းများ

‌ဒေသခံများထိန်းသိမ်းထားသော အစုအဖွဲ့ပိုင်သစ်တောများကို အဖွဲ့ဝင် များမှ ပိုမိုကာကွယ်ရန်နှင့် မော်ဟန်ကြိုးဝိုင်းအား သစ်တောဦးစီးဌာနမှ စနစ်တကျ ကာကွယ်ထိန်းသိမ်းရန်၊ ဒေသခံ များကို သစ်တော စီမံအုပ်ချုပ်ခွင့်နှင့် ကာကွယ်ခွင့်ပေးရန်၊ ကွက်လပ်ဖြည့် စိုက်ပျိုးရန် လိုအပ်လျှက်ရှိသော နေရာ များကိုလည်း အချိန်ခါမှီ ထပ်ဆောင်းစိုက်ရန်။ အုတ်ထင်းလုပ်ကိုင်ခွင့်ကို စနစ်တကျထိန်းကျောင်းခြင်းနှင့် စီစစ်ခြင်း။