မြဝတီမြို့နယ် အမှတ် ၃ ရပ်ကွက် တောင်ကြိုးဝိုင်းတွင် တရားမဝင် ကျွန်းသစ်ထုတ်လုပ်ခြင်း
(ကရင်ပြည်နယ်ရှိ ပတ်ဝန်းကျင်ရေးရာလှုပ်ရှားနေသော အရပ်ဘက်အဖွဲ့အစည်းမှ သတင်းပေးပို့ပါသည်။)
စစ်အစိုးရလက်ထက်၂၀၀၅ နောက်ပိုင်းမှာ အုပ်ချုပ်ရေးယန္တရားအဖွဲ့မှ တောင်ကြိုးဝိုင်းအနီး မြေလွတ်မြေရိုင်းများအား အကွက်ရိုက် ရောင်းစား၍ နေထိုင်ကြပြီး တစ်ချို့မှာ တောင်ကြိုးဝိုင်း ထဲတွင် ကျုးကျော်အဖြစ်နေထိုင်ကြပြီး နောက်ပိုင်းတွင် လူဦးရေများပြားလာ၍ တောင်ကြိုးဝိုင်းထဲရှိ ကျွန်းသစ်များအား ရပ်ကျေးအဖွဲ့၊ လုပ်ငန်းရှင် ၊ ဒေသခံများမှ ပူပေါင်း၍ တစ်နေ့ကို ကား ၂စီး၊ ၃စီး နီးပါးထုတ်လုပ်နေပြီး မနက်မိုးလင်း အာရုံတက်မှ တစ်နေ့ကို ၁၅ စီးလောက် သစ်စက်များကို ပုံမှန်သွားနေတယ်။ အကြောင်းမှာ ကျွန်ပင်အောက်တွင် အိမ်ဆောက်နေသော ဒေသခံများမှ ကျွန်ပင်အား ခုတ်ထွင်ရှင်းလင်းချင်ပြီး ထိုကျွန်ပင်ထုတ်ယူခအားလည်း ၂ သိန်း ၃ သိန်းလောက်ပေးနေရပြီး ကျွန်းပင်အပြင် ကျွန်းပင်ထုတ်ယူခ အခကြေးငွေအားလည်းပေးရသည်။ နိုင်ငံရေးအခြေ အနေပိုဆိုးလာသောကြောင့် မြေမြှပ်မိုင်းအန္တရာယ်ပိုမိုဆိုးရွားလာပြီး တောင်ယာမလုပ်နိုင်ဘဲ နောက်ပိုင်းတွင် ငတ်မွတ်ခေါင်းပါးမှု ဖြစ်လာနိုင်တယ်။
သက်သေမှတ်တမ်းများ
ထိခိုက်ခံစားရသူပြောကြားချက်
တရားဥပဒေစိုးမိုးမှု မရှိတော့သဖြင့် အုပ်ချုပ်ရေးယန္တရားအဖွဲ့၊ EAO၊ လုပ်ငန်းရှင်များ၏ ခြိမ်းခြောက်မှု ခံနေရပြီး အကြောက်တရားများနှင့် ရင်ဆိုင်နေရ၊ မတရားအနိုင်ကျင့်ခံနေရခြင်း
သစ်တောနှင့်တောရိုင်းတိရစ္ဆာန်ကဏ္ဍ
- ကရင်ပြည်နယ်
- မြဝတီမြို့နယ်
- တောင်ကြိုးဝိုင်း၊ အမှတ် (၃) ရပ်ကွက်
ဖြစ်ပွားသည့်အချိန်
(mm/dd/yyyy)
၂၀၁၉ နောက်ပိုင်း
ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား
အမျိုးသမီး, သက်ကြီးရွယ်အို, ကလေးသူငယ်, မသန်စွမ်း
ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး
မွန်၊ ကရင်၊ ဗမာ
ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း
အိမ်ထောင်စု (၃၀၀၀) နီးပါး
အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ
စိုက်ပျိုးမွေးမြူရေး၊ ကျပန်းလုပ်ငန်း
အဓိကပါဝင်ပတ်သက်သူ
အုပ်ချုပ်ရေးယန္တရားအဖွဲ့များ၊ EAO ၊ လက်ရှိသစ်လုပ်ငန်းရှင်များ
အကြံပြုလိုသည့်ဖြေရှင်းနိုင်မည့် နည်းလမ်းများ
EAO တွေ၊ ဌာနဆိုင်ရာ အုပ်ချုပ်ရေး ယန္တရားအဖွဲ့များနှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်နိုင်လျှင် လက်ရှိဖြစ်ပျက်နေသော အခက်အခဲများကို လျှော့ချနိုင်မည်ထင်ပါတယ်။