ပလိပ်မြို့တွင် စက်ရုံများကြောင့် ပိုမိုများပြားလာသော အမှိုက်များ နေစဉ် မီးရှို့နေသည့်အတွက် လူထုမှာညစ်ညမ်းသော လေများကို ရှူရှိုက်နေရ၍ ကျန်းမာရေးဆိုင်ရာ ပြဿနာရှိ
(မန္တလေးတိုင်းဒေသကြီးရှိ ပတ်ဝန်းကျင်ရေးရာလှုပ်ရှားနေသော အရပ်ဘက်အဖွဲ့အစည်းမှ သတင်းပေးပို့ပါသည်။)
မန္တလေးစက်မှုဇုံဘက်က စက်ရုံတွေက ဒုဋ္ဌဝတီမြစ်ဘေးမှာ အခု နောက်ပိုင်း စက်ရုံတွေရွှေ့လာတာများတယ် မြစ်ငယ်၊ ပလိပ်ဘက်ကို ရောက်လာတယ်။ မြစ်ထဲကို ရေဆိုးသွန်ချ (စွန့်ပစ်)တယ်။ ပုလိပ်ဘက်မှာရှိတဲ့ ကန်သာအေးကျေးရွာမှာ မိုးတွင်းဆို ရွာထဲကို ဒုဋ္ဌဝတီမြစ် ရေဝင်တယ် ပုလိပ်အင်းထဲကိုဝင်တယ် ရေပြန်ကျတာလည်း မြန်တယ်။ အခုဆိုရင် စက်ရုံတွေ ရောက်လာတော့ စက်ရုံ တွေကရေပြန်ကျမယ့် လမ်းကြောင်းကမြေတွေကို ဝယ်ပြီးဆောက်ထားတော့ ရေကမိုးရွာရင်ဝင်လာတယ် ပြန်မကျဘူး ရွာကလူတွေ ရေထဲမှာအကြာကြီးနေ နေရတယ်။ အဲဒါအပြင် ဒေသခံတွေဟာ မကြာခဏဆိုသလို အမှိုက်ပုံမီးရှို့လို့ ထွက်လာတဲ့မီးခိုးတွေက ကံသာအေးရွာထဲကို အလုံးလိုက် နေ့စဉ်ဝင်နေတော့ အသက်ရှုရတွေ ခက်လာတယ် နေရထိုင်ရတာ ဘယ်လိုမှအဆင်မပြေဘူး ရောဂါဖြစ်မှာတောင် ကြောက်ရတယ်။
သက်သေမှတ်တမ်းများ
ထိခိုက်ခံစားရသူပြောကြားချက်
ဒီစက်ရုံတွေ ရောက်မလာခင်တုန်းကတော့ ကျမတို့ရွာက ကျန်းမာရေး နဲ့ ပတ်သက်ပြီး ဘာမှ ကြီးကြီးမားမားမရှိဘူး၊ အခုနောက်ပိုင်း စက်ရုံတွေ ရောက်လာတော့ အမှိုက်တွေပိုများလာ တယ် စက်ရုံစွန့်ပစ် ရေဆိုးတွေက အနံသက်တွေကြောင့် ရွာသားတွေ အသက်ရှုရခက်လာတယ်၊ စက်ရုံတွေက မြေဖို့ဆောက်ထားတော့ အရင်လို မြစ်ရေဝင်ပြီးရင် အမြန်ပြန်မကျတော့ဘူး ရေထဲမှာ အကြာကြီးနေရတော့ အဆင် မပြေမှုတွေက ပိုများလာတယ်။ သွားရေးလာရေးခက်ခဲတော့ စားဝတ်နေရပါထိခိုက်တာပေါ့။
ပတ်ဝန်းကျင်ညစ်ညမ်းမှုကဏ္ဍ
- မန္တလေးတိုင်းဒေသကြီး
- ပလိပ်မြို့နယ်
- ကန်သာအေးကျေးရွာ
ဖြစ်ပွားသည့်အချိန်
(mm/dd/yyyy)
၂၀၁၉ နောက်ပိုင်း
ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား
ဒေသတွင်း တောင်သူများနှင့် ရွာသူ/သားများ
ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး
ဗမာ
ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း
(၁၅၀၀)ဝန်းကျင်ခန့်
အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ
စိုက်ပျိုးရေးလုပ်ငန်းများ
အဓိကပါဝင်ပတ်သက်သူ
စက်မှုဇုံအုပ်ချုပ်ရေးနှင့် စည်ပင်သာယာရေး (ပလိပ်မြို့)
အကြံပြုလိုသည့်ဖြေရှင်းနိုင်မည့် နည်းလမ်းများ
အမှိုက်ပုံကိုအမှိုက်ထပ်မပစ်စေခြင်း၊ ရှိပြီးသားအမှိုက်ကို နဲနဲစီဖယ် ယူပြီး အမှိုက်ကင်းစင်သောနေရာဖြစ်အောင်ဖန်တီးနိူင်ရန်နှင့် စက်ရုံများ အနေဖြင့်ရေထုတ်မြောင်းများ ထားရှိပေးရန်