တောင်ပေါ်မြို့ဖြစ်သော ပြင်ဦးလွင်မြို့တွင် ရေကြီးရေလျှံဖြစ်၍မြို့နေ ပြည်သူလူထု သဘာဝဘေးနှင့်ကြုံတွေ့နေရခြင်း
သက်သေမှတ်တမ်းများ
ထိခိုက်ခံစားရသူပြောကြားချက်
ကျနော်တို့ကတော့ အရင်က မြို့ထဲမှာ တစ်ဧကလောက်ရှိတဲ့ ခြံထဲမှာ အသီးအနှံတွေ စိုက်စားတာပေါ့ စူကာ၊ မုန်ညှင်း၊ ဆလတ်၊ ဥဖြူ /ဥနီ နှင့် ပန်းမျိုးစုံ အကုန်စိုက်တယ်။ အဆင်လဲ ပြေပါတယ်။ အမျိုးသမီးကလည်း အဝတ်အထည်ချုပ်တော့ မပူရပါဘူး၊ ကလေးနှစ်ယောက်ကို ကျောင်းကောင်း ကောင်း ထားနိုင်တာပေါ့။ အဲဒါ ပွဲစားတစ်ယောက် စကားနားယောင်ပြီး ဈေးကောင်းပေးလို့ ရောင်းလိုက်တယ်၊ ရောင်းပြီး မြို့ထဲက ရပ်ကွက်ကြီး တစ်ခုမှာ ခြံဝန်းကျယ်ကျယ်လေးနဲ့ တိုက်ကလေးဆောက်ပြီး ဆန်၊ ဆီ၊ ပဲဆားနှင့် ကုန်စုံဆိုင်လေးဖွင့် ဈေးရောင်းတာ အရင်လို လူမပင်ပမ်းတော့ဘူးတော့ ပိုအဆင်ပြေတာပေါ့ဗျာ၊ အခုဆို ကိုယ်ပိုင်ကား လေးနဲ့ပေါ့ မြို့ထဲ့သွားလဲ ကိုယ့်ကားနဲ့ကိုယ်ဆိုတော့ အဆင်ပြေတာပေါ့၊ ဈေးသွားဖို့လဲ့ ကုန်တင်ကား အသေးလေး တစ်စီး ထပ်ဝယ်ထားသေးတယ်၊ ဈေးလေးကလည်း ရောင်းကောင်းတာနဲ့ နောက်ဘေးမှာ ဂိုဒေါင်လေး ဆောက်ပြီး ဈေးတက်မဲ့ ဆန်တို့ ကြက်သွန်တို့ လှောင်ထားလိုက်တာပေါ့ဗျာ။ အခုတော့ဗျာ လှောင်ထားတဲ့ ပစ္စည်းတွေ အကုန်ဆုံးတာပေါ့ အခုလို မိုးမျိုး မေမြို့မှာ ရွာဖူးပါတယ်၊ ဒါပေမဲ့ ဒီနှစ်မိုးကတော့ ကျနော်တို့ မိသားစု ဘဝကို ရိုက်ချိုး လိုက်သလိုဘဲဗျာ။ ရှိသမျှဆန် အိတ်(၄၀၀)ဝန်းကျင်၊ ကြက်သွန်နီ၊ ပဲ ခေါက်ဆွဲခြောက်ထုတ် အားလုံးပါဘဲ သိန်း(၅၀၀) ကျော်မယ် ဘာမှမရတော့ဘူး၊ ကားနှစ်စီးလုံးလဲရေမြုပ် လူကိုရူးချင်စိတ်ကို ဖြစ်သွားပြီ ဘယ်လို ပြန်စရမှန်းမသိ ဘူးဗျာ။ ကျနော်အိမ်က နိမ့်တော့ ပိုဆိုးတာပေါ့။ အခုတော့ မိဘလက်ငုတ်လက်ရင်း အပေါ်ခြံလေးကိုဘဲ နှမျောနေ မိတော့တယ်ဗျာ။
- မန္တလေးတိုင်းဒေသကြီး
- ပြင်ဦးလွင်မြို့နယ်
- ပြင်ဦးလွင် မြို့သူ/သားအားလုံး
ဖြစ်ပွားသည့်အချိန်
(mm/dd/yyyy)
၇.၃၁.၂၀၂၂
ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား
အမျိုးသမီး, သက်ကြီးရွယ်အို, ကလေးသူငယ်, မသန်စွမ်း
ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး
ပြင်ဦးလွင်မြို့ပေါ်ရှိ တိုင်းရင်းသားလူမျိုးပေါင်းစုံ
ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း
(၃၀၀၀) ခန့်
အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ
စိုက်ပျိုးရေးလုပ်ငန်း
အဓိကပါဝင်ပတ်သက်သူ
အိမ်ခြံမြေလုပ်ငန်းနှင့် စည်ပင်သာယာရေးအဖွဲ့