ချီဖွေမြို့နယ်အတွင်းရှိ ဒေသထွက်ခြံထွက်သီးနှံနှင့် ဥယျာဉ်ခြံ သီနှံ များ (အာလူး၊ ပြောင်းဖူး၊ ရှောကော၊ သစ်ကြားနှင့် ချဉ်ဆော်ကားသီး တရုတ်မှ ဝယ်ယူမှုရပ်ဆိုင်း
သက်သေမှတ်တမ်းများ
ထိခိုက်ခံစားရသူပြောကြားချက်
ဦးလေးတို့ ဒေသမှာ ရာသီဥတုကလည်းဆိုးဝါး ကြမ်းတမ်းပြီး မြေဆီသြဇာကလည်း သီးနှံမျိုးစုံစိုက်ပျိုးရန် ခက်ခဲကြတယ် ပုံမှန်အားဖြင့်တော့ ပြောင်းဖူး၊ အားလူးတွေစိုက်ကြ တယ် ဒါပေမဲ့ ဈေးကွက်နဲ့ လမ်းပန်းဆက်ရေး အခြေအနေကြောင့် မိသားစုစားဝတ်နေရေး ပြည်လည်ရုံဖို့ဘဲ စီးပွားမဖြစ် ကြဘူး အခုနောက်ပိုင်း တရုတ်ဈေးကွက်ရှိတဲ့ရှောကောစိုက်ခင်းတွေကို မြေနိမ့်လျှိုတွေမှာ စိုက်ပြီး စီးပွားဖြစ်ကြတယ် ကလေးတွေကို ကျောင်းထားနိုင်လာတယ်၊ ရှောကောသီးနှံက တရုတ်ဈေးကွက်ရှိသလို ဈေးကောင်းလဲရတော့ ဒေသခံ တွေအတွက် အစစအရာရာ အဆင်ပြေလာတယ် မိသားစု စားဝတ်နေရေးအပြင် ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍမှာပါ ပိုမိုသုံးစွဲလာနိုင်ခဲ့ကြတယ်။ အဓိကဝင်ငွေရစေတဲ့ ဟင်းခတ်အမွှေးအကြိုင် ရှောကောပင်က စိုက်ပြီး(၄)နှစ်အတွင်း အသီးစသီးပြီး နှစ်(၅၀)လောက်အထိ အသီးသီးတယ်၊ ၂၀၁၇ ခုနှစ်က ရှောကော တစ်ကျင်(တရုတ်ချိန်ခွင် အခေါ်အဝေါ် (၃၀)ကျပ်သားနှင့် ညီမျှသည်)ကို ယွမ်(၄၀) ဈေးရတယ် ဦးလေးတို့ ရွာကမိသားစုတွေဆိုရင် ရှောကောခြံအကျယ်အဝန်း ပေါ်မှာ မူတည်ပြီး အနည်းဆုံး(ယွမ် ၁၅၀၀၀ မှ ယွမ် ၁၀ သိန်း)အထိ ဝင်ငွေရကြတယ်။ မြန်မာငွေနဲ့ဆိုရင် (သိန်း(၆၀) ကနေ သိန်း(၄၀၀) လောက်အထိ ဝင်ငွေရကြတယ်။ ဒါပေမဲ့ ၂၀၁၈ ခုနှစ်နောက်ပိုင်းမှာ နေရာအနှံ မြေရှား သတ္ထုတူးဖော်မှု များလာတဲ့ အတွက် တရုတ်ဘက်က ဝယ်လိုအား ကျဆင်းသွားပြီး ဈေးနှိမ်ဝယ်ကြ တယ်၊ အရင်က ရှောကောတစ်ကျင် ယွမ် ၄၀ ခန့်ပေါက်ဈေးရှိရာက ယွမ် ၁၀ လောက်သာ ဈေးရှိတော့တယ်။ အခုနောက်ပိုင်းဆိုရင် တရုတ်ကုန်သည်တွေဟာ သတ္ထုလုပ်ကွက်နှင့် (၅)မိုင် ပတ်ဝန်းကျင်က သစ်သီးဝလံနှင့် ဟင်းခတ်အမွှေးအကြိုင်များကို ဝယ်ယူမှု မရှိတော့ခြင်းကြောင့် ဒေသခံပြည်သူများအနေဖြင့် စားဝတ်နေရေး၊ ကျန်းမာရေးနှင့် သားသမီးများ၏ ပညာရေးများ ထိခိုက်လာပြီး အခက်အခဲနှင့် ရင်ဆိုင်နေရပါသည်။ အခုဆိုရင် ရှောကောတွင် မဟုတ်တော့ဘူး ချဉ်ဆော်ကားသီး၊ သစ်ကြားသီးတွေပါ ဝယ်ယူခြင်း မရှိတော့သည့် အတွက် ပိုမိုခက်ခဲလျှက် ရှိပါသည်။
- ကချင်ပြည်နယ်
- ချီဖွေမြို့နယ်
- ပန်ဝါဒေသ
ဖြစ်ပွားသည့်အချိန်
(mm/dd/yyyy)
၂၀၁၈ နောက်ပိုင်း
ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား
အမျိုးသမီး, သက်ကြီးရွယ်အို, ကလေးသူငယ်, မသန်စွမ်း
ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး
လချိတ်၊ လီဆူ၊ လဝေါ်(မရူ) (အနည်းစု)
ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း
(၄၀၀၀)နီးပါးခန့်
အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ
ဥယျာဉ်ခြံသီးနှံ၊ ခြံထွက်သီးနှံဒေသထွက်ကုန် အရောင်းအဝယ်လုပ်ငန်းများ
အဓိကပါဝင်ပတ်သက်သူ
BGF/ ဒေသတည်ငြိမ်အုပ်ချုပ်ရေးအဖွဲ့အစည်းများ
အကြံပြုလိုသည့်ဖြေရှင်းနိုင်မည့် နည်းလမ်းများ
၂။ စစ်ဆေးတွေ့ရှိတဲ့ ရလာဒ်က အန္တာရာယ်ရှိတယ် ဆိုရင်တော့ ဒေသခံတွေ အတွက် ထိုက်သင့်တဲ့လျော်ကြေး ရစေခြင်တယ်။
၃။ နောက်ပြီး အန္တာရာယ်ရှိကြောင်း အသိပညာပေး ဟောပြောပွဲ တွေ လုပ်ပေး သင့်တယ်။
၄။ သတ္ထုတွင်း အလုပ်သမားခေါ်ရင်လဲ ထိခိုက်ခံစားနေရတဲ့ ဒေသခံကျေးရွာသားတွေကို ဦးစားပေး ခေါ်ပေးသင့်ပါတယ်။