ချောင်းဖျားတွင် ရွှေမျောများ ဝင်ရောက်လာခြင်းနှင့် တရားမဝင်သစ် ထုတ်ယူမှုများပြားလာခြင်းကြောင့် စိမ့်စမ်းရေထွက်များ ဆုံးရှုံးလာကာ ဒေသတွင်းကျေးရွာများ သောက်သုံးရေခက်ခဲလာ၊ မိုးညှင်းမြို့နယ်၊ ကချင်ပြည်နယ်

Confirmation Status : Verified
December 19, 2022

ချောင်းဖျားတွင် ရွှေမျောများ ဝင်ရောက်လာခြင်းနှင့် တရားမဝင်သစ် ထုတ်ယူမှုများပြားလာခြင်းကြောင့် စိမ့်စမ်းရေထွက်များ ဆုံးရှုံးလာကာ ဒေသတွင်းကျေးရွာများ သောက်သုံးရေခက်ခဲလာ၊ မိုးညှင်းမြို့နယ်၊ ကချင်ပြည်နယ်

(ကချင်ပြည်နယ်ရှိ ပတ်ဝန်းကျင်ရေးရာလှုပ်ရှားနေသော အရပ်ဘက်အဖွဲ့အစည်းမှ သတင်းပေးပို့ပါသည်။)
မိုးညှင်းမြို့နယ်၊ မော်ဟန်ကြိုးဝိုင်းအတွင်းမှ တရားမဝင်သစ်ထုတ်မှု များနှင့် ရွှေတူးဖော်မှုများ ၂၀၂၁ ခုနှစ်နောက်ပိုင်းတွင် ပိုမိုထုတ်ယူလျှက်ရှိပါသည်။ ၎င်းအပြင် ကာဒိုချောင်းဖျား မှာဆိုရင် ဆင်(၅)ကောင်နှင့် သစ်ထုတ်မှုတွေ လုပ်နေတယ် တရားမဝင် သစ်ထုတ်မှုလုပ်နေတဲ့ နေရာက နန့်ပလောချောင်းဖျားမှာဆိုတော့ စမ့်စမ်းရေ ခမ်းခြောက်မှုက ပိုဖြစ်လာနိုင်တယ်။ ပိုဆိုးတာက အရင်က လက်လှည့် ရွှေဝိုင်းလေးတွေဘဲ ‌ဒေသခံတွေ ရွှေရှာရာကနေ အခုနောက်ပိုင်း ချောင်းဖျားတွေမှာ ရွှေတူးဖော်မှုတွေကို စက်ကြီးများဖြင့် အကြီးအကျယ်တူးဖော်နေခြင်းကြောင့် ‌ဒေသခံရွာသားတွေဟာ ချောင်းပျောက်မှာ စိုးရိမ်လာတယ်။ အလားတူဘဲ မော်ဟန်ကျေးရွာက အဓိကသောက် သုံးနေတဲ့ နန့်ပင့်ချောင်းဖျားမှာလဲ နန့်ချီ ကျောက်စိမ်းမှော်က အရင်ကထက် ကြီးကြီးကျယ်ကျယ်တူးနေတော့ နန့်ပင်ချောင်း ရေခမ်းမှာနှင့် သောက်သုံးရန် မသင့်သော၊ အဆိပ်သင့်သော ရေတွေကို သောက်သုံးမိ မှာကိုစိုးရိမ်နေကြပါသည်။

သက်သေမှတ်တမ်းများ

ထိခိုက်ခံစားရသူပြောကြားချက်

ကျမတို့ ရွာကတော့ သောက်သုံးရေနှင့် စိုက်ပျိုးရေအတွက် နန့်ပလော ချောင်းနှင့် နန့်ပင့်ချောင်းကို အဓိကထားသုံးစွဲနေရတာ၊ ဒီချောင်းပျောက်သွားရင်၊ ခမ်းခြောက်သွားရင် ကျမတို့ ကျေးရွာအတွက် ထိခိုက်မှု များမယ်။ သောက်သုံးနေတဲ့ ချောင်းအဆိပ်သင့်ရင် ရွာသူ/သားတွေ ကျန်းမာရေးပါ ထိခိုက်လာမှာကို ပိုစိုးရိမ်နေကြတယ်။ နန့်ပင့်ချောင်း ပျောက်ရင် ရွာအတွက် သောက်သုံးရေ ခက်ခဲသွားနိုင်သလို၊ နန့်ပလောချောင်း(ခ)ကာဒိုချောင်းရေ ခမ်းသွားရင်လည်း လယ်တွေရေမအောင်ရင် စားဝတ်နေရေး ခက်ခဲလာမှာကို ရွာသူ/သားတွေ စိုးရိမ်နေကြတယ်။

ရေအရင်းအမြစ်ကဏ္ဍ
  • ကချင်ပြည်နယ်
  • မိုးညှင်းမြို့နယ်
  • မော်ဟန်ကျေးရွာ၊ မော်ဟန်ကြိုးဝိုင်း

ဖြစ်ပွားသည့်အချိန်

(mm/dd/yyyy)

၂၀၂၁ နောက်ပိုင်း

ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား

အမျိုးသမီး, သက်ကြီးရွယ်အို, ကလေးသူငယ်, မသန်စွမ်း

ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး

ကချင်၊ ရှမ်းနီ၊ ဗမာ

ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း

၂၅၀၀

အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ

စိုက်ပျိုးရေးလုပ်ငန်း

အဓိကပါဝင်ပတ်သက်သူ

သစ်တောဦးစီးဌာနနှင့် စီးပွားရေးလုပ်ငန်းရှင်များ

အကြံပြုလိုသည့်ဖြေရှင်းနိုင်မည့် နည်းလမ်းများ

‌ဒေသတွင်း တနိုင်တပိုင်တူးဖော်သည့် လုပ်ငန်းများကိုသာ လက်လုပ် လက်စား လုပ်ကိုင်သူများကိုသာ ခွင့်ပြုသင့်ပြီး၊ စက်ကြီးများဖြင့် စီးပွားဖြစ် အကြီးအကျယ်လုပ်ကိုင်သူများကို ပိတ်ပင်ထားပြီး၊ ဒေသတွင်း ကျေးရွာများမှ စုပေါင်းတားစည်းသင့်ပါသည်။