လေယာဉ်ကွင်း စီမံကိန်းနှင့် ဆိပ်ကမ်းသစ် တည်ဆောက်ခြင်း လုပ်ငန်း အတွက် လယ်မြေများ သိမ်းဆည်းခြင်းကြောင့် စိုက်ပျိုးမြေဆုံးရှုံးမှုများ၊ မုဒုံမြို့နယ်၊ မွန်ပြည်နယ်
သက်သေမှတ်တမ်းများ
ထိခိုက်ခံစားရသူပြောကြားချက်
ကျမတို့ အိမ်တွေဆောက်ဖို့အတွက် မိသားစုလိုက် သူများနိုင်ငံ(ထိုင်း)မှ (၁၅-၂၀)နှစ်လောက် အလုပ်လုပ်(ကျွန်ခံ) စုဆောင်းပြီးမှ ဆောက်ထားတဲ့အိမ်တွေ သူတို့က လွယ်လွယ်လေးသိမ်းတော့ ကျမတို့ ဘယ်မှာသွား နေရမှာလည်း။ ကျမတို့ လက်ရှိနေနေတဲ့ အိမ်က မိန်းလမ်းဘေးမှာဆိုတော့ တခြားစီးပွားရေးလုပ်ငန်းတွေ လုပ်ဖို့ ဘယ်လိုပြန်ရနိုင်တော့မလဲ၊ ဘဝတွေက ကုန်းကောက်စရာမရှိအောင်ဖြစ်သွားလိမ့်မယ်။ ကျနော်တို့ လယ်ဧက (၂)ဧက သိမ်းခံရတယ်၊ ဒီလယ်လေးနဲ့ မိသားစု စားဝတ်နေရေးနှင့် ကလေးတွေ ပညာရေး ကျန်းမားရေးဖြေရှင်းနေရတာ။ တခြားလည်း ဘာမှမလုပ်တတ်ဘူး ဒီလယ်ဘဲ လုပ်တတ်တယ် သူတို့ပေးတဲ့ငွေ သိန်း(၈၀)နဲ့ ပြန်ဝယ်ရင် (၁)ဧကလောက်ဘဲ ရမယ် ဘယ်လို လုပ်ကိုင်စားသောက်ကြမလဲ။ ကျနော် ဦးလေးဆို ဧက(၂၀)ကျော် ရှိသမျှ အကုန်ပါသွားတယ်၊ သူမြေက ကောင်းတော့ စပါးအထွက်နှုန်းလဲကောင်းတယ်၊ ရတဲ့လျှော်ကြေးနဲ့ အခုချိန်မှာ ဘာမှ လုပ်လို့မရဘူး၊ အခုကာလ ကြီးမှာ တခြား စီပွားရေးလဲ မလုပ်တတ်ဘူး/ လုပ်လည်း မလုပ်ရဲဘူးဗျ။ ဒါပေမဲ့ အတင်းအကြပ်လက်မှတ် ထိုးခိုင်းတော့ ထိုးပေးလိုက်ရ တယ်။ ကျနော်တို့ ဘဝ နဲ့ ရှေ့ရေးတွေးကြည့်ပြီး စဉ်းစားသာကြည့်တော့ဗျာ။
- မွန်ပြည်နယ်
- မုဒုံမြို့နယ်
- ကတုံးပေါ်၊ ကမာဝတ် ဘဲရမ်းရွာနှင့် (၁၀) ရွာခန့်
ဖြစ်ပွားသည့်အချိန်
(mm/dd/yyyy)
၂၀၂၁ နောက်ပိုင်း
ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား
အမျိုးသမီး, သက်ကြီးရွယ်အို, ကလေးသူငယ်, မသန်စွမ်း
ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး
မွန်၊ ဗမာ
ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း
၉၀
အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ
စိုက်ပျိုးရေးလုပ်ငန်း၊ ခြံလုပ်ငန်း
အဓိကပါဝင်ပတ်သက်သူ
လေယာဉ်ကွင်းတည်ဆောက်ရေး စီမံကိန်း၊ စီပွားရေးလုပ်ငန်းရှင်နှင့် ဒေသတွင်းအစိုးရ