ရွှေမျောလုပ်ငန်းရှင်များမှ ဒေသတွင်းကျေးရွာများမှ တောင်သူများ၏ မြေယာများကို ချိန်းခြောက်ဝယ်ယူနေသောကြောင့် စိုက်ပျိုးမြေယာများ ဆုံးရှုံးမှုများလာခြင်း၊ ဟုမ္မလင်းမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး
(စစ်ကိုင်းတိုင်းဒေသကြီးရှိ ပတ်ဝန်းကျင်ရေးရာလှုပ်ရှားနေသော အရပ်ဘက်အဖွဲ့အစည်းမှ သတင်းပေးပို့ပါသည်။)
ဟုမ္မလင်းနဲ့နန်တောကြားမှာ ၁၉ မိုင်ရှိတယ်။ ဥရုချောင်းထဲနဲ့ အနီးနားပတ်ဝန်းကျင်မှာ မျောတိုက်နေကြတယ်။ ချောင်းလဲပျက်ပြီ၊ မြစ်လဲထိခိုက်နေပြီ ရွာဘေးနားက လယ်ယာ ကိုင်းကျွန်းမြေတွေကို မျှောမီးစာပြန်ချ မျှောစာပုံဆို အမြင့်ပေ ၃၅ ပေ ပေ ၄၀ ရှိတယ်(ချောင်းထဲမှာ)။ နောင်တောရွာ ဒေသခံတွေက ရွှေမျောတိုက်မဲ့ အဖွဲ့တွေကိုဖိတ်ခေါ်ပြီး မျောတိုက် အခု လောလောဆယ် တစ်ကျောလုံး တိုက်သွားတယ်။ ခေါင်မိုးနဲ့ နောင်ခမ်းကြား ကွန်ကရစ် လမ်းတွေ အက်ကွဲကြားဖြစ် ရွှေမျှောတွေနှိုက်လို့ ပြီတော့ အခု ပြန်ဖို့လာတယ်။ အင်းဘက်ကို ရေဖောက်တယ် ပြန်စားတယ် ပြန်ဖို့ထားတယ်။ မျှောမီးကျလို့ သဲစာဆိုရင် ကုက္ကိုပင် အရပ်ထက်ကို ကျော်တယ်။ သဘာဝ ပတ်ဝန်ကျင် ပျက်စီးကုန်တယ်။ အိမ်တွေပါပဲ့ကျတယ်။ မတိုက်နဲ့ လို့ပြောလို့မရ စကစနဲ့ လက်နက်ကိုင်ပေါင်းလုပ်လို့ ပြောလို့ မရဘဲ ဖယ်ပေးလိုက်ရတယ်။ ရွာနဲ့တစ်မိုင်လောက်မှာ ယာတွေ လယ်ခင်းတွေ မျှောတိုက်ဖို့ မရောင်းမနေရ ရောင်းပေးရတယ် တစ်ဧကကို သိန်း(၃၀၀-၅၀၀)ပေးဝယ်ပြီး မျောတိုက် ကြတာ ငွေယူမလား၊ ကျည်ဆံယူမလားမေးပြီး ရောင်းပေးလိုက်ရတယ်။ ရေကတော့ လယ်ယာချောင်းမြောင်း အကုန် ရေတက်တယ်။ မျှောမီးစာနွံရေ တွေကြောင့် ခန့်မှန်ခြေ လယ်မြေဧက ၇၀၀ လောက် ပျက်စီးတယ်။ ရွှေမျော မျှောစာတိုက်လို့ ဟုမ္မလင်း သက္ကယ်ကျင်း ဗျူဟာလမ်းမ ၄မိုင်လောက် ရေကျော် ပျက်စီးကုန်တယ်။
သက်သေမှတ်တမ်းများ
ထိခိုက်ခံစားရသူပြောကြားချက်
ကျနော်တို့မှာ ငြင်းပိုင်ခွင့် မရှိဘူး၊ မိရိုဖလာ တောင်သူလုပ်ငန်းနဲ့ အသက်မွေးလာတာ၊ အခုတော့ အသက်ကို ရန်ရှာလာတော့လည်း ရှိသမျှလယ်တွေကို ပေးတဲ့ဈေးနဲ့ရောင်းရတာ ဘဲဗျာ၊ ကျနော်တို့ ဒေသမှာတော့ ငွေကရှာရတာလဲလွယ်သလောက် သုံးရတာက ပိုလွယ်တယ်၊ လူစုံ အလုပ်စုံဆိုတော့ လိုချင်တာရတယ် ဆေး၊ အရက်၊ အလောင်းကစား အကုန်ရတယ်။ ငွေရတော့ သုံးလိုက်တယ် သေချာတာကတော့ ကျနော်တို့မှာ လယ်မဲ့တောင်သူတွေ ဖြစ်ကုန်ပြီ၊ ရှေ့လျှောက် ဘယ်လိုရပ်တည်ရမှန်းတောင် မသိတော့ဘူး ရှေ့ရေး ကတော့ ရင်လေး စရာတွေပေါ့ဗျာ။
မြေယာကဏ္ဍ
- စစ်ကိုင်းတိုင်းဒေသကြီး
- ဟုမ္မလင်းမြို့နယ်
- နောင်ပိုအောင် တိုက်နယ်
ဖြစ်ပွားသည့်အချိန်
(mm/dd/yyyy)
၂၀၂၁ နောက်ပိုင်း
ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား
ဒေသတွင်း တောင်သူလယ်သမားများ
ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး
ရှမ်းနီ၊ ဗမာ
ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း
(၃၀၀၀) နီးပါး
အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ
စိုက်ပျိုးရေးလုပ်ငန်း
အဓိကပါဝင်ပတ်သက်သူ
ရွှေမျောလုပ်ငန်းရှင်များ၊ တိုင်းရင်းသားလက်နက်ကိုင်နှင့် အုပ်ချုပ်ရေး
အကြံပြုလိုသည့်ဖြေရှင်းနိုင်မည့် နည်းလမ်းများ
စနစ်ကောင်းတစ်ခု ရှိဖို့လိုမယ်၊ သတ္ထုတူးဖော်ရေး လုပ်ငန်းတိုင်း ဥပဒေ စိုးမိုးမှုက အရေးကြီးဆုံးဘဲ၊ မင်းမဲ့တိုင်းပြည်လို ဖြစ်နေတော့ ဘာအကြံပြုချက်မှ ပေးဖို့မရှိပါဘူး၊ ဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် ပတ်ဝန်းကျင်ပျက်ဆီးမှုက အရမ်းကို စိုးရိမ်စရာပါဘဲ။