အတ္ထရံမြစ်တလျှောက် ဂေါ်ဒန်ကျောက်နှင့် ကျောက်မီးသွေးများ သယ်ယူနေသဖြင့် ကမ်းပါးပြိုကာ ရေညစ်ညမ်းမှုဖြစ်၊ ကွမ်ငန်းကျေးရွာ၊ ကျိုက်မရောမြို့၊ မွန်ပြည်နယ်

Confirmation Status : Reported
October 6, 2020

အတ္ထရံမြစ်တလျှောက် ဂေါ်ဒန်ကျောက်နှင့် ကျောက်မီးသွေးများ သယ်ယူနေသဖြင့် ကမ်းပါးပြိုကာ ရေညစ်ညမ်းမှုဖြစ်၊ ကွမ်ငန်းကျေးရွာ၊ ကျိုက်မရောမြို့၊ မွန်ပြည်နယ်

(မြန်မာ့ပတ်ဝန်းကျင်ရေးရာ လေ့လာဆန်းစစ်ချက် ၂၀၁၉ ပြည်သူ့အမြင်သဘောထားများအစီရင်ခံစာမှ ကောက်နှုတ်ဖော်ပြထားပါသည်)
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ကွမ်ငန်းကျေးရွာတွင် Mawlamyine Cement Company Limited (MCL) ဘိလပ်မြေကုမ္ပဏီသည် ၂၀၀၄ ခုနှစ်မှစတင်၍ ကျောက်မီးသွေးနှင့် ဂေါ်ဒန်ကျောက်များကို သင်္ဘောကြီးများဖြင့် အတ္ထရံမြစ်တလျှောက် အဆက်မပြတ် ပြေးဆွဲမှုကြောင့် မြစ်ကြောင်းတလျှောက် ကမ်းပါးပြိုခြင်း၊ ရေထု ညစ်ညမ်းခြင်းနှင့် ငါး၊ ပုဇွန်များ သေခြင်းတို့ဖြစ်ပေါ်နေတယ်လို့ ဒေသခံများက ဆိုပါတယ်။

သက်သေမှတ်တမ်းများ

ထိခိုက်ခံစားရသူပြောကြားချက်

ကျိုက်မရောမြို့နယ် ကွမ်ငန်းကျေးရွာ အတွင်းရှိ တောင်သူများအနေဖြင့် ၂၀၁၄ ခုနှစ်မှစတင်၍ ဘိလပ်မြေစက်ရုံ(MCL) လည်ပတ်မှုကြောင့် ကျေးရွာရှိ ရေအရင်းအမြစ်များ ညစ်ညမ်းခြင်း၊ ရေမလုံလောက်ခြင်း၊ ကျောက်မိုင်းခွဲခြင်းကြောင့် အနီးအနားရှိ အိမ်နှင့် လယ်မြေများထိခိုက်ခြင်းတို့ ကြုံနေရတယ်လို့ ဒေသခံများက ဆိုပါတယ်။ ကျောက်မီးသွေးနှင့် ဘိလပ်မြေ ဂေါ်ဒန်ကျောက်များကို သင်္ဘောကြီးများဖြင့် အတ္ထရံမြစ်တလျှောက် အဆက်မပြတ် ပြေးဆွဲမှုကြောင့် မြစ်ကြောင်းတလျှောက် ကမ်းပါးပြိုခြင်းများ ဖြစ်ပေါ်နေပြီး စက်ရုံမှ စွန့်ပစ်ရေများကြောင့် ရေထု ညစ်ညမ်းခြင်း၊ ငါး၊ ပုဇွန်များ သေခြင်း၊ ငါးဖမ်းရာတွင် ယခင်ကလောက်မရရှိခြင်းတို့ဖြစ်ပေါ်နေပြီး ယခုကွမ်းငန်းကျေးရွာသည် အတ္ထရံမြစ်ဘေးတွင် တည်ရှိခြင်းကြောင့် အိမ်များ အက်ကွဲသည်အထိ ဖြစ်ပေါ်နေတယ်လို့ ဒေသခံများက ဆိုပါတယ်။ ယခင်ဒေသခံများကို (ကျောင်းဆောက်ပေးမည်၊ လမ်းဖောက်ပေးမည်ဟု)ပေးထားသည့် ကတိများအတိုင်း မလုပ်ဆောင်ပေးခြင်း တို့ကိုလည်း ကြုံတွေ့နေရပါတယ်။ ကျေးရွာသားများအနေဖြင့် သဘာဝဘေးအန္တရာယ်ကာကွယ်ရန်အတွက် နှစ်ရှည်ပင်များ ပြန်လည် စိုက်ပျိုးခြင်း၊ ဘိလပ်မြေစက်ရုံ အန္တရာယ် လျှော့ချရန်အတွက် တောင်းဆိုဆန္ဒပြခြင်းများ၊ ပညာရှင်များအားဖိတ်ခေါ်၍ ဟောပြောပွဲသုံးကြိမ်နှင့် အသိအမြင်ဖွင့် ဆွေးနွေးပွဲများ ကို စဉ်ဆက် မပြတ် ဆောင်ရွက်နေပါတယ်လို့ ဆိုပါတယ်။
၂၀၁၅ ခုနှစ်တွင် ဘိလပ်မြေစက်ရုံကို ပျားတောင်ဒေသတွင် ဆန္ဒပြပွဲတစ်ကြိမ်၊ ၂၀၁၆ ခုနှစ်တွင် မော်လမြိုင်မြို့ပေါ်တွင် ဆန္ဒပြပွဲတစ်ကြိမ်၊ ပညာရှင်များအားဖိတ်ခေါ်၍ ဟောပြောပွဲသုံးကြိမ်နှင့် အသိအမြင်ဖွင့် ဆွေးနွေးပွဲများ ကို စဉ်ဆက် မပြတ် ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

ပတ်ဝန်းကျင်ညစ်ညမ်းမှုကဏ္ဍ

  • မွန်ပြည်နယ်
  • ကျိုက်မရောမြို့နယ်
  • ကွမ်ငန်းကျေးရွာ

ဖြစ်ပွားသည့်အချိန်

(mm/dd/yyyy)

၂၀၀၄ ခုနှစ်မှစ

ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား

အမျိုးသမီး, သက်ကြီးရွယ်အို, ကလေးသူငယ်, မသန်စွမ်း, အခြား

ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး

မွန်၊ ဗမာ

ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း

၁၄၀ဝ ကျော်

အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ

စိုက်ပျိုးမွေးမြူရေးနှင့်ရေလုပ်ငန်း, အခြား

အဓိကပါဝင်ပတ်သက်သူ

Mawlamyine Cement Company Limited (MCL) ဘိလပ်မြေကုမ္ပဏီ

အကြံပြုလိုသည့်ဖြေရှင်းနိုင်မည့် နည်းလမ်းများ

သက်ဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် ဒေသအတွက် လိုအပ်သောနည်းပညာများ၊ ကောင်းမွန်သော စီမံအုပ်ချုပ်မှုနှင့် တရားမျှတမှုများ ရှိစေရန်နှင့် ဒေသခံများအား မဟုတ်မမှန်သောခြိမ်းခြောက်မှုများ မရှိစေရန်အတွက် ဒေသအတွင်း တရားဉပဒေစိုးမိုးမှုရှိရေးနှင့် အဂတိလိုက်စားမှုများ ပပျောက်သွားစေရေးကို လုပ်ဆောင်သင့်ပါသည်။ ထို့အပြင် သက်ဆိုင်ရာဌာနများအနေဖြင့်လည်း တိကျမှန်ကန်သော ညွှန်ကြားချက်များကို ထုတ်ပြန်ပေးပြီး ထိုညွှန်ကြားချက်များကို လုပ်ငန်းရှင်များမှ အမှန်တကယ်လိုက်နာစေရန် ကြပ်မတ်သင့်ပါသည်။