ရွှေမျောများ များပြားလာခြင်းကြောင့် ဒေသတွင်းတောင်သူများ၏ မြေယာများ မဖြစ်အနေရောင်းပေးနေရသောကြောင့် မြေယာဆုံးရှုံးမှုများလာ ဟုမ္မလင်းမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး
(စစ်ကိုင်းတိုင်းဒေသကြီးရှိ ပတ်ဝန်းကျင်ရေးရာလှုပ်ရှားနေသော အရပ်ဘက်အဖွဲ့အစည်းမှ သတင်းပေးပို့ပါသည်။)
အရပ်သားအစိုးရလက်ထက်မှာ ၅နှစ်တာ ရပ်ထားခဲ့သမျှ အာဏာ သိမ်းပြီး တောက်လျှောက် ရွှေထုတ်တယ်။ ရွှေမျောတွေ ပိုတိုက်လာတယ် လက်နက်ကိုင် အဖွဲ့တွေက ပြည်သူဘက် မပါ တော့ဘူ သူတို့ကို ဆက်ကြေးပေးပြီး မျှောတိုက်ရင် ရတယ်။ ရွာကညီပြီးလက်မခံရင်တော့ ရသေးတယ်။ ဟူနောင် ဟင်နောင်ရွာမှာ ရွှေသင်္ဘာတွေလာကပ်တယ် တဖြေးဖြေးများလာတယ် ရွာသားတွေကကြောက်တတ်တဲ့သူတွေများ တယ်။ ဘုန်းကြီးစကား နားထောင်တဲ့သူများတယ်။ လက်မခံတဲ့လူငယ်တွေကတစ်ဖွဲ့၊ ဘုန်းကြီးစကား နားထောင်တဲ့ သူကတစ်ဖွဲ့၊ ကြားနေအဖွဲ့ကတစ်ဖွဲ့ ကွဲနေတော့ ရွှေမျောတိုက်တဲ့ သေင်္ဘာတွေက သွေးတိုးစမ်းပြီး လာတိုက်ကြတယ်။ ဒါပေမယ့်ရွာသူ/သားတွေ အကုန်စုပြီး မျှောမတိုက်ရဘူးဆိုတဲ့ ဆိုင်းဘုတ် ထောင်လိုက်တာ ပြီးခဲ့တဲ့လကတော့ ၂မျှော ၃မျှောမောင်းနေသေးတယ်။ အခုကာလမှာ စက်သုံးဆီဈေးကြီးတော့ တစ်ချို့မျှောသမားတွေ ရပ်သွားတယ်။ စက်ကြီးသမားတွေကတော့ ဆက်တူးနေတယ်။ ရွာမညီရင် တစ်ချို့ဆို ငွေနဲ့ သေနတ်ကြိုက်တာယူဆိုပြီး မိုက်ကြေးခွဲတယ်။ မြစ်တွေချောင်းတွေထဲ ရွှေမျောတွေများ လာတဲ့အတွက် ဟုမ္မလင်းမှာ မြစ်ငါးရှားလာတယ်။ အင်းငါးတော့ ရသေးတယ်။ ချင်းတွင်းမြစ်ကလည်းမရ ဥရုချောင်းက လည်းမရ ဖြစ်လာတယ်။ စက်ကြီးသမားတွေကတော့ ဆက်တူးနေတယ်။ ချင်းတွင်းမှာ ရွှေမျောများလာတဲ့ အတွက် ကမ်းဘားပြို ရေတိုက်စား မှုတွေများလာတယ် ခေါင်ခမ်း၊ ကတ်သာ၊ ဟုမ္မလင်း၊ ဇီးကျွန်းရွာတွေဘက်မှာ ပိုအဖြစ်များလာတယ်။
သက်သေမှတ်တမ်းများ
ထိခိုက်ခံစားရသူပြောကြားချက်
ဒေသခံတော်တော်များများ ထိခိုက်နစ်နာကြတာပေါ့ ရေကြီးတဲ့အခါ ရေစီးရေလာပြောင်းတော့ ကမ်းပါပြိုမှုတွေ ပိုများလာတယ်၊ မြစ်ငါးတွေ ရှားလာတယ်၊ မြစ်ငါး/ပုဇွန်စားရမှာတောင် ကြောက်လာတယ်။ မြစ်ရေ ချောင်းရေ ဆိုတာကလည်း နွံ့အနှစ်တွေနဲ့ ပြည့်နေတာဘဲ သုံးရေတောင် မသုံးရဲတော့ဘူး။
သတ္တုတွင်းကဏ္ဍ
- စစ်ကိုင်းတိုင်းဒေသကြီး
- ဟုမ္မလင်းမြို့နယ်
- ဟူနောင်ဟင်နောင်ကျေးရွာ
ဖြစ်ပွားသည့်အချိန်
(mm/dd/yyyy)
၂၀၂၁ နောက်ပိုင်း
ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား
ဒေသတွင်း တောင်သူများနှင့် ရေလုပ်ငန်း ဆောင်ရွက်သူများ
ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး
ရှမ်းနီ၊ ဗမာ
ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း
(၁၀၀)ကျော်
အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ
စိုက်ပျိုးရေးလုပ်ငန်းနှင့် ရေလုပ်ငန်း
အဓိကပါဝင်ပတ်သက်သူ
ရွှေမျောလုပ်ငန်းရှင်များနှင့် အုပ်ချုပ်ရေးအဖွဲ့များ
အကြံပြုလိုသည့်ဖြေရှင်းနိုင်မည့် နည်းလမ်းများ
ရွာသူ/သားတွေ ညီညွတ်ပြီး စုပေါင်းဖြေရှင်းဆောင်ရွက်ရင် အချိန်မှီ သေးတယ်။ ဘုန်းတော်ကြီးတွေ ဦးဆောင်ပြီး ငြင်းရင် ရွှေမျော မတိုက်ရဲဘူး ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာ ပေးလုပ်ငန်းတွေ လုပ်ရင်အဆင်ပြေနိုင်မှန်း သိပေမဲ့ အခုအချိန် ဘယ်သူမှ မလုပ်ရဲဘူး။