ကယားပြည်နယ် ဒီးမောဆိုမြို့နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် တို့တွင် စစ်မက်ဖြစ်ပွါးမူ ကြာရှည်လာသည်နှင့်အမျှ သိန်းချီစစ်ဘေးရှောင် လူဦးရေအတွက် လိုအပ်ချက်အရ သဘာဝသစ်တောများကို စီးပွားဖြစ်မဟုတ်ပဲ လောင်စာနှင့်ရိက္ခာအတွက် ခုတ်ထွင်ရှင်းလင်းမူများ ပိုမိုများပြား ကျယ်ပြန့်လာမူကြောင့် သစ်တောပြုန်းတီးမူကို ဆိုးဆိုးရွားရွား ရင်ဆိုင်ကြုံတွေ့နေရပါသည်

Confirmation Status : Verified
December 17, 2022

ကယားပြည်နယ် ဒီးမောဆိုမြို့နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် တို့တွင် စစ်မက်ဖြစ်ပွါးမူ ကြာရှည်လာသည်နှင့်အမျှ သိန်းချီစစ်ဘေးရှောင် လူဦးရေအတွက် လိုအပ်ချက်အရ သဘာဝသစ်တောများကို စီးပွားဖြစ်မဟုတ်ပဲ လောင်စာနှင့်ရိက္ခာအတွက် ခုတ်ထွင်ရှင်းလင်းမူများ ပိုမိုများပြား ကျယ်ပြန့်လာမူကြောင့် သစ်တောပြုန်းတီးမူကို ဆိုးဆိုးရွားရွား ရင်ဆိုင်ကြုံတွေ့နေရပါသည်

(ကယားပြည်နယ်ရှိ ပတ်ဝန်းကျင်ရေးရာလှုပ်ရှားနေသော အရပ်ဘက်အဖွဲ့အစည်းမှ သတင်းပေးပို့ပါသည်။)
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် တို့မှ တိုက်ပွဲရှောင်ပြည်သူ တသိန်းနီးပါးသည် ကယားပြည်နယ်ဒီးမောဆိုမြို့နယ် အနောက်ဘက် ရှမ်းပြည်နယ် ဖယ်မြို့နယ်နှင့် ကရင်ပြည်နယ် သံတောင်မြို့နယ်အကြား လိုဘာကိုရွာနှင့် ဆီဘူးကျေးရွာ တဝိုက်တွင် စစ်ဘေးရှောင်စခန်းများအဖြစ် လာရောက်၂၀၂၁ မိုးရာသီမှ စတင်ခိုလှုံ နေထိုင်ခဲ့ကြပါသည်။ ၂၀၂၂နွေရာသီ ဧပြီလ ၊ မေလမှ စတင်ပြီး ရိက္ခာအခက်အခဲကို ဖြေရှင်းနိုင်ရန် သဘာဝသစ်တောများကို ခုတ်ထွင်ရှင်းလင်းပြီး တောင်ယာစပါး စိုက်ပျိုးခဲ့ခြင်း စစ်ရှောင်လူတသိန်းနီးပါးအတွက်လိုအပ်သော အမိုးအကာနှင့် ထင်းလောင်စာ အသုံးလိုအပ်ချက် အတွက် တောင်ပေါ်သစ်တောများကို ခုတ်ထွင်အသုံးပြုနေရပါသည် လပိုင်းအတွင်း သစ်တောပြုန်းတီးမူကြောင့် မိုးကြီးသောအခါ ရေကြီးရေလျှံမူများကို အနိမ့်ပိုင်းနေရာများတွင် မကြုံစဘူး ခံစားနေရပါသည် ကယားပြည်နယ် အတွင်း စစ်မက်ဖြစ်ပွါးမူ ကြာရှည်လာသည်နှင့်အမျှ သိန်းချီ စစ်ဘေးရှောင် လူဦးရေအတွက် လိုအပ်ချက်အရ သဘာဝသစ်တောများကို စီးပွားဖြစ်မဟုတ်ပဲ လောင်စာနှင့်ရိက္ခာအတွက် ခုတ်ထွင်ရှင်းလင်းမူများ ပိုမိုများပြား ကျယ်ပြန့်လာမူကြောင့် သစ်တောပြုန်းတီးမူကို ဆိုးဆိုးရွားရွား ရင်ဆိုင်ကြုံတွေ့နေရပါသည် ရိက္ခာပြတ်လပ်မူနှင့် လောင်စာလိုအပ်ချက်ကြောင့် စစ်ဘေးရှောင်နေရာတဝိုက်တွင် သစ်တောတွေ ခုတ်ထွင် ရှင်းလင်းခြင်းအကျိုးဆက်က မိုးတွင်းမှာ ရေကြီးရေလျှံ ဖြစ်ပြီးမြေပြိုခြင်း သောက်သုံးရေ ညစ်ညမ်းခြင်းနဲ့အတူ ဝမ်းပျက်ဝမ်းလျောရောဂါတွေ ဖြစ်ပွား ကြပါတယ်။

သက်သေမှတ်တမ်းများ

ထိခိုက်ခံစားရသူပြောကြားချက်

သူများရွာ သူတို့နေရာက သစ်တောတွေ ခုတ်ထွင်ရှင်းလင်းပြီး စိုက်စား နေရတာ လိပ်ပြာမသန့်ဘူး မခုတ်ရင်လဲ စားစရာမရှိ အဆိုးဆုံးကတော့ ကလေးတွေ ကျောင်းမထားနိုင်တော့ဘူး။ ရောဂါဖြစ်နေတာတောင် ဆေးဝါးက မလုံလောက်တော့ ကြိတ်မှိတ် ခံစားနေရတာပေါ့၊ စားဖို့ကလည်း ဆန်ဘဲရတော့ စားဖို့ လူကြီးတွေဆို တစ်နေ့ တစ်နပ်ဘဲ စားရတယ်။ အခုဆိုရင် ကျမတို့ ဝမ်းပျက်/လျော၊ ငှက်ဖျားနှင့် အာဟာရ ချို့တဲ့မှုတွေ အဖြစ်များလာတယ်။

သစ်တောနှင့်တောရိုင်းတိရစ္ဆာန်ကဏ္ဍ
  • ရှမ်းပြည်နယ် (တောင်ပိုင်း)
  • ဖယ်ခုံမြို့နယ်
  • လိုဘာခိုရွာနှင့် ဆီဘူးကျေးရွာ

ဖြစ်ပွားသည့်အချိန်

(mm/dd/yyyy)

၄/၁/၂၀၂၂

ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား

အမျိုးသမီး, သက်ကြီးရွယ်အို, ကလေးသူငယ်, မသန်စွမ်း

ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး

ကယန်း

ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း

၁၀၀၀၀၀ နီးပါးခန့်

အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ

စိုက်ပျိုးရေးလုပ်ငန်းနှင့် အခြားဝင်ငွေရလုပ်ငန်း

အဓိကပါဝင်ပတ်သက်သူ

စစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်များ

အကြံပြုလိုသည့်ဖြေရှင်းနိုင်မည့် နည်းလမ်းများ

စစ်ဘေးရှောင်တွေကို ရိက္ခာနဲ့ ဆေးဝါး အမြန်ဆုံး ထောက်ပံ့ပေးနိုင်ရန် လိုအပ်ပြီး စစ်ရှောင်စခန်းများတွင် သစ်တောထိန်းသိမ်းရေးနှင့် ထင်းလောင်စာများစနစ်တကျသုံစွဲရေးအတွက် အသိပညာပေး ဆောင်ရွက်ရန် လိုအပ်နေပါသည်။