ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိူးမြို့နယ်၊ မိုင်းကျိုင်းကျေးရွာ နယ်နိမိတ်အတွင်း ရှမ်းရိုးမ အေးချမ်းရေးကုမ္ပဏီမှ ဧက၆၀၀၀ ကျော် ကျောက်မီးသွေး၊ ကျောက်ထုတ်ရန်နှင့်ဘိလပ်မြေစက်ရုံတည်ဆောက်မည်ဆိုသော စီမံကိန်းကြောင့်ရပ်ရွာမှအသုံးပြု ကာကွယ်ထိန်းသိမ်းနေသော သဘာဝ ရေထွက်ဦးနှင့် ရေထွက်ဦး သစ်တောကိုထိခိုက်မည့်ကိစ္စ

Confirmation Status : Verified
December 16, 2022

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိူးမြို့နယ်၊ မိုင်းကျိုင်းကျေးရွာ နယ်နိမိတ်အတွင်း ရှမ်းရိုးမ အေးချမ်းရေးကုမ္ပဏီမှ ဧက၆၀၀၀ ကျော် ကျောက်မီးသွေး၊ ကျောက်ထုတ်ရန်နှင့်ဘိလပ်မြေစက်ရုံတည်ဆောက်မည်ဆိုသော စီမံကိန်းကြောင့်ရပ်ရွာမှအသုံးပြု ကာကွယ်ထိန်းသိမ်းနေသော သဘာဝ ရေထွက်ဦးနှင့် ရေထွက်ဦး သစ်တောကိုထိခိုက်မည့်ကိစ္စ

(ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ပတ်ဝန်းကျင်ရေးရာလှုပ်ရှားနေသော အရပ်ဘက်အဖွဲ့အစည်းမှ သတင်းပေးပို့ပါသည်။)
လားရှိူးမြို့နယ်၊ မိုင်းကျိုင်းကျေးရွာ နယ်နိမိတ်အတွင်း ရှမ်းရိုးမ အေးချမ်းရေး ကုမ္ပဏီမှ ကျောက်မီးသွေးလာ ရောက်တူးဖော်မည်ဖြစ်ကြောင်းနှင့် နောက်ပိုင်းတွင် ကျောက်ထုတ်လုပ် မည် ၊ ဘိလပ်မြေစက်ရုံတည်ဆောက် မည် ဆိုသော စီမံကိန်းကြောင့် ရပ်ရွာ မှ အသုံးပြု ကာကွယ် ထိန်းသိမ်းနေသော သဘာဝ ရေထွက်ဦးနှင့် ရေထွက်ဦး သစ်တောကို ထိခိုက်မည်ကိစ္စ ဖြစ်သည် ။ သို့ပါ၍ ကျေးရွာ သူကြီးနှင့် ရွာသားများ ၏ စိုက်ပျိုးရေ ထိခိုက်မည့်အရေးကြောင့် ယင်းနေရာကို မည်သည့် စီမံကိန်းမဆို လာမလုပ်စေလိုကြောင်း၊ ရသည့်နည်းဖြင့် ကာကွယ်သွားမည်ဖြစ်ကြောင်း၊ အာဏာပိုင်များမှ အတင်း စီမံခန့်ခွဲ၍ ခွင့်ပြုခဲ့ရလျှင်ပင် ရွာသားများမှ မတတ်နိုင်ပဲ ကြည့်နေရမည် ဖြစ်သော်လည်း သဘောတူပါသည်ဟု မည်သည့် အခြေအနေတွင်မျှပြောမည် မဟုတ်ပါ။

သက်သေမှတ်တမ်းများ

ထိခိုက်ခံစားရသူပြောကြားချက်

ကျမတို့ မိုင်းကျိုင်းရွာ အနေနဲ့ စီမံကိန်းက ကျောက်မီးသွေးဘဲတူးတူး ကျောက်ထုတ်ပြီး ဘိလပ်မြေစက်ရုံဘဲတည်တည် ကျမတို့ လက်မခံနိုင်ပါဘူး၊ ကျမတို့လယ်မြေ ဧက (၂၀၀) ကျော်ကို ရေသွင်းစိုက်ပျိုးနေတဲ့ ရေထွက်ဦးနှင့် ဓလေ့ထုံးတမ်းအရထိန်းထားတဲ့ တောတွေကို အထိအခိုက်မခံနိုင်ပါဘူး။ ဒီလို လွယ်လွယ်သိမ်းနေမယ်ဆိုရင် ကျမတို့ရွာအပြင် ဒီရေထွက်ဦးကို အမှီပြုနေတဲ့ စိုက််ပျိုးရေးလုပ်ငန်းတွေ အားလုံးဆုံးရှုံး သွားမယ်ဆိုရင် စားဝတ်နေရေးအတွက် ပိုမိုခက်ခဲလာမှာမို့ ရတဲ့နည်းနဲ့ ကန့်ကွက်သွားမှာပါ။ ဒီရေထွက်ဦးအပါအဝင် ကျမတို့ ရိုးရာဓလေ့ထုံးတမ်းအရ ပိုင်ဆိုင်တဲ့ စိုက်ပျိုးနေတဲ့မြေကို ဌာနဆိုင်ရာက မြေလွတ်မြေလပ်မြေရိုင်း ဖြစ်တယ် အစိုးက စီမံခန့်ခွဲပိုင်ခွင့်ရှိတယ်ဆိုပြီး မတရားစီမံပြီး စီမံကိန်းလုပ်ငန်းတွေကို ပေးလိုက်မယ်ဆိုရင်တောင် နောက်ဆုံး အထိ ကျမတို့ သဘောတူမှာ မဟုတ်ပါဘူး။

ရေအရင်းအမြစ်ကဏ္ဍ
  • ရှမ်း ပြည်နယ်(မြောက်ပိုင်း)
  • လားရှိုးမြို့နယ်
  • မိုင်းကျိုင်း၊ မန်ပျဉ်၊ နမ့်အွန်

ဖြစ်ပွားသည့်အချိန်

(mm/dd/yyyy)

၃/၂၂/၂၀၂၂

ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား

အမျိုးသမီး, သက်ကြီးရွယ်အို, ကလေးသူငယ်, မသန်စွမ်း

ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး

ရှမ်း

ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း

၂၆၀ ကျော်

အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ

စိုက်ပျိုးရေးလုပ်ငန်း

အဓိကပါဝင်ပတ်သက်သူ

သစ်တောဌာန၊ အထွေထွေအုပ်ချုပ်ရေးနှင့် မန်ပန်ပြည်သူ့စစ်

အကြံပြုလိုသည့်ဖြေရှင်းနိုင်မည့် နည်းလမ်းများ

ရပ်ရွာ သို့ ထွေအုပ်/ သစ်တော/ ဒေသဖွံ့ဖြိုးရေး/ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး/ မြေစာရင်း စသည့် ဌာနမှ တာဝန်ရှိသူများနှင့် ကျေးရွာသားများ အပြန်အလှန် တရားမျှတစွာ ဆွေးနွေးဖလှယ် ကြပြီး လူထုဘဝ တရားမျှတမှုကို အလေးထားခြင်းမျိုး ဖြစ်လျှင် ကောင်းပါမည်။ တရားဝင် ကန့်ကွက်စာများလည်း တင်ပြထားပြီးဖြစ်ပါသည်။