နမ္မတူမြို့နယ် ဘော်တွင်းဒေသ၊ သတ္ထုတူးဖော်ခြင်းလုပ်ငန်းတွင် ဟင်းလင်းဖွင့်တူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်နေခြင်းလုပ်ငန်းစဥ်တွင် ဒေသခံအလုပ်သမားအဖွဲ့နှင့် ကုမ္မဏီမှ ခေါ်ဆောင်လာသော အလုပ်သမားများနှင့် အခွင့်အလမ်း ၊ အခွင့်အရေး၊ ခံစားခွင့်များ မတူညီခြင်း၊ ခွဲခြားဆက်ဆံခံ နေရခြင်း၊ လုပ်ငန်းခွင် လုပ်ရိုးလုပ်စဥ်များ ကုမ္ပဏီ၏ မူလ ကတိကဝတ်များနှင့်မညီ ပြုမှုဆက်ဆံခြင်းခံ နေရများ ကြောင့် လုပ်ငန်းရှင်နှင့် အလုပ်သမားကြား အဆင်မပြေမှုများ ရှိနေခြင်း၊ ရေမသန့်စင်မှု ပြဿနာ လည်းရှိနေခြင်း

Confirmation Status : Verified
December 16, 2022

နမ္မတူမြို့နယ် ဘော်တွင်းဒေသ၊ သတ္ထုတူးဖော်ခြင်းလုပ်ငန်းတွင် ဟင်းလင်းဖွင့်တူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်နေခြင်းလုပ်ငန်းစဥ်တွင် ဒေသခံအလုပ်သမားအဖွဲ့နှင့် ကုမ္မဏီမှ ခေါ်ဆောင်လာသော အလုပ်သမားများနှင့် အခွင့်အလမ်း ၊ အခွင့်အရေး၊ ခံစားခွင့်များ မတူညီခြင်း၊ ခွဲခြားဆက်ဆံခံ နေရခြင်း၊ လုပ်ငန်းခွင် လုပ်ရိုးလုပ်စဥ်များ ကုမ္ပဏီ၏ မူလ ကတိကဝတ်များနှင့်မညီ ပြုမှုဆက်ဆံခြင်းခံ နေရများ ကြောင့် လုပ်ငန်းရှင်နှင့် အလုပ်သမားကြား အဆင်မပြေမှုများ ရှိနေခြင်း၊ ရေမသန့်စင်မှု ပြဿနာ လည်းရှိနေခြင်း

(ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ပတ်ဝန်းကျင်ရေးရာလှုပ်ရှားနေသော အရပ်ဘက်အဖွဲ့အစည်းမှ သတင်းပေးပို့ပါသည်။)
နမ္မတူမြို့နယ်၊ ဘော်တွင်းဒေသ နယ်နိမိတ်အတွင်း သတ္ထုတူးဖော် နေသော ကုမ္ပဏီများသည် သတ္ထုတူးဖော်ခြင်းလုပ်ငန်းတွင် ဟင်းလင်းဖွင့်တူးဖော်ခြင်း လုပ်ငန်းဆောင် ရွက်နေခြင်း လုပ်ငန်းစဥ်တွင် ဒေသခံအလုပ်သမားအဖွဲ့နှင့် ကုမ္မဏီမှ ခေါ်ဆောင်လာသော အလုပ်သမားများနှင့် အခွင့်အလမ်း၊ အခွင့်အရေး၊ ခံစားခွင့်များ မတူညီခြင်း၊ ခွဲခြားဆက်ဆံခံ နေရခြင်း၊ လုပ်ငန်းခွင် လုပ်ရိုးလုပ်စဥ်များ ကုမ္ပဏီ၏ မူလ ကတိကဝတ်များနှင့်မညီ ပြုမှုဆက်ဆံခြင်းခံ နေရခြင်းများကြောင့် လုပ်ငန်းရှင်နှင့် အလုပ်သမားကြား အဆင်မပြေ မှုများ ရှိနေခြင်း၊ စက်ရုံနှင့် ပတ်ဝန်းကျင်တွင် ရေမသန့်စင်မှု ပြဿနာ လည်းရှိနေပါသည်။

သက်သေမှတ်တမ်းများ

ထိခိုက်ခံစားရသူပြောကြားချက်

အလုပ်သမားထုများသည် ယခင် တူးဖော်သည့်ပုံစံ၊ မူလ အလုပ်သမား ဝန်ကြီး ဌာန ဝန်ထမ်း ပုံစံဖြင့် အလုပ်ခွင် ဆင်းခြင်း၊ တက်ခြင်း၊ ခံစားခွင့်များ အဆင့်လိုက် ခံစားခွင့် ပွင့်လင်းမြင်သာမှု ရှိစေချင်ပါတယ်၊ ကုမ္ပဏီမှ မူလ ကတိကဝတ် ဖြစ်သော လုပ်ငန်းခွင်အတွက် အတတ်နိုင်ဆုံး ဌာနေအလုပ်သမားများ ကို သုံးစွဲမည်ဖြစ်ကြောင်း၊ လိုအပ်သော စွမ်းရည်များကို ဖြည့်ဆည်းပေးစေလိုခြင်း၊ အခွင့်အရေး/ ခံစားခွင့် / အခွင့် အလမ်း များကို မျှတစွာ စီမံပေးစေလိုခြင်း။ ကုမ္ပဏီနှင့် အလုပ်သမားကြား ညှိနှိုင်းဆွေးနွေးခြင်းကို ပုံမှန်ပြုလုပ်ပေး၍ အလုပ်သမားများ၏ အသံကို နားထောင်စေချင်ပါသည်။ မိုင်းတွင်းများ စက်ရုံပတ်ဝန်းကျင်နှင့် လိုင်းခန်းများတွင် ရေမသန့်စင်မှုကြောင့် ဒေသတွင်းရှိလူအားလုံးကို ထိခိုက်နိုင်ပြီး၊ အလုပ်ရှင်အလုပ်သမားကြား ညှိနှိုင်းတိုင်ပင်မှု မရှိခြင်းသည် လက်ရှိအလုပ်သမားထု၏ ရပိုင်ခွင့်များကို ထိခိုက်စေပါသည်။

သတ္တုတွင်းကဏ္ဍ
  • ရှမ်းပြည်နယ်(မြောက်ပိုင်း)
  • နမ္မတူမြို့နယ်
  • ဘော်တွင်းဒေသ

ဖြစ်ပွားသည့်အချိန်

(mm/dd/yyyy)

၅/၁/၂၀၁၀

ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား

ဘော်တွင်းရှိ မူလ အလုပ်သမား အုပ်စု လူမျိုးစုံ/ဘာသာစုံ

ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး

ဘော်တွင်းရှိ မူလ အလုပ်သမား အုပ်စု လူမျိုးစုံ/ဘာသာစုံ

ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း

၃၀၀၀ ခန့်

အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ

ကုမ္ပဏီ ဝန်ထမ်းများ

အဓိကပါဝင်ပတ်သက်သူ

သတ္ထုတွင်း ဝန်ကြီးဌာနနှင့် သတ္ထုတွင်းတူး ကုမ္ပဏီများ

အကြံပြုလိုသည့်ဖြေရှင်းနိုင်မည့် နည်းလမ်းများ

အစိုးရဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် အလုပ်သမားအုပ်စု စသည် သုံးပွင့်ဆိုင် ဆွေးနွေးတိုင်ပင်ညှိနှိုင်းခြင်းများ ပုံမှန်ပြုလုပ်ပေးခြင်းဖြင့် ပြေလည်နိုင်ပါမည်။