ညောင်ရွှေမြို့နယ် အင်းလေးကန်အတွင်း စီးဝင်သော အထက်ဘီးလူးချောင်း ရေအားလျှပ်စစ်စီမံကိန်း လုပ်ငန်းကြောင့် အထက်ဘီးလူးချောင်းရေခမ်းခြောက်ခြင်း ရေစီးရေလာနဲခြင်းတို့ ကြောင့် အင်းတိန်၊ တာလေနှင့်ကျေးပေါခုံအုပ်စုတို့မှ ကျေးရွာ(၄၀)ခန့်တွင် လယ်ယာမြေများ ပျက်စီးဆုံးရှုံးခြင်းနှင့်သီးနှံများ ပျက်စီးဆုံးရှုံးခြင်း
သက်သေမှတ်တမ်းများ
ထိခိုက်ခံစားရသူပြောကြားချက်
အရင်တုန်းကတော့ အခုမျက်စိနဲ့ မြင်တဲ့နေရာတွေ အကုန် စပါးစိုက် တော့ စားဝတ်နေရေး မပူရဘူးပေါ့။ အခုအဲဒီလယ်တွေ အကုန်မစိုက်နိုင်တော့ဘူး သုံးပုံ နှစ်ပုံနီးပါးဘဲ စိုက်လို့ရတော့ တယ်။ စပါးစိုက်မဲ့ နွေရာသီ (တန်ပိုတွဲ၊ တပေါင်း) မှာ ရေသိပ်မလာတော့ဘူး စိုက်ရေ များများမရဘူး မြင့်တဲ့ လယ်တွေ ဆို ရေမဝင်တော့ဘူး စိုက်လို့မရတော့ဘူးလေ၊ ရေမရတဲ့ သူတွေကြ ပြောင်းဖူး စိုက်တယ်လေ။ စားဖို့ မဖူလုံံတော့ ဘူးပေါ့ အခုတော့ အင်းထဲက တောင်သူတွေ အဆင်မပြေကြဘူး ဝင်ငွေနဲလာပြီး အခက်အခဲရှိတယ် အကြွေးတွေတင် တာပေါ့ အခုဆို ပိုဆိုးတယ် ဓါတ်မြေသြဇာဈေးတွေက အများကြီးဘဲ ပိုက်ဆံနည်းတဲ့ တောင်သူတွေ ဝယ်မသုံး နိုင်တော့ဘူး၊ အဲလိုမှ ဝယ်မသုံးရင်းလဲ စပါးက အထွက်နှုန်းကျတယ်၊ အထွက်နှုန်းကျတော့ ဝင်ငွေနဲလာတယ်၊ ဝင်ငွေနဲတော့ ကလေးတွေအတွက် ပညာရေး၊ ကျန်းမာရေးအလုပ်တွေမှာ အရင်လိုများများ မသုံးနိုင်တော့ဘူ အရမ်းခက်ခဲလာတယ်။ တစ်ချို့တောင်သူတွေက အခြားသီးနှ ပြောင်းစိုက်နေကြပြီ အရင်းများတော့ လူတိုင်းတော့ မစိုက်နိုင်ကြဘူးပေါ့။ ကျနော်တို့ အင်းသားတွေအတွက်တော့ ရင်လေးစရာပေါ့ဗျာ။
- ရှမ်း ပြည်နယ်(တောင်ပိုင်း)
- ညောင်ရွှေမြို့နယ်
- အင်းတိန် အထက်ဘီးလူးချောင်း ဒေသ
ဖြစ်ပွားသည့်အချိန်
(mm/dd/yyyy)
၂၀၁၂ နောက်ပိုင်း
ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား
အမျိုးသမီး, သက်ကြီးရွယ်အို, ကလေးသူငယ်, မသန်စွမ်း
ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး
အင်းသား၊ (တောင်ရိုး၊ ဓနု နှင့် ပအို့ဝ် အနည်းငယ်)
ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း
(၄၀၀၀)နီးပါးခန့်
အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ
စိုက်ပျိုးရေးလုပ်ငန်းနှင့် ရေလုပ်ငန်း
အဓိကပါဝင်ပတ်သက်သူ
မင်းအနော်ရထာကုမ္ပဏီ