ချီဖွေမြို့နယ်အတွင်းရှိ မြေရှားသတ္ထုတွင်းများကြောင့် ချောင်းများ အဆိပ်သင့်ပြီး ငါးများမျိုးတုန်းပျောက်ကွယ်ခြင်းနှင့် မုဆိုးများအတွက် သားကောင်များရှားပါးလာခြင်း
(ကချင်ပြည်နယ်ရှိ ပတ်ဝန်းကျင်ရေးရာလှုပ်ရှားနေသော အရပ်ဘက်အဖွဲ့အစည်းမှ သတင်းပေးပို့ပါသည်။)
မြေရှားသတ္ထုတူးဖော်ခြင်းလုပ်ငန်းကြောင့် အပေါ်ယံမြေဆီမြေဩဇာ များ ဆုံးရှုံးမှုတင် မဟုတ်ဘဲ စိုက်ပျိုးမြေများ အားလုံးပျက်စီးကုန်တယ်။ အပင်တွေပါမရှိတော့ မြေသားခိုင်မာမှုပါ ဆုံးရှုံးတော့ အခုလို မိုးတွင်းမှာ မြေပြိုပြီး လမ်းတွေပိတ်ဆို့မှုဖြစ်တယ်။ မြေရှားသတ္ထုတူးဖော်ခြင်းနှင့် မြေရှား သတ္ထုများ ဆေးကြောမှုတွေက စွန့်ပစ်ရေတွေ ချောင်းတွေထဲမှာ ပြန်စီးဝင်တော့ ချောင်းထဲမှာ ငါး အပါဝင် ရေနေ သတ္တဝါတွေ မျိုးတုန်းပျောက်ကွယ်လာတာကို တွေ့ရှိရပါတယ်။ ထို့အပြင် တောတောင်တွေရှင်းပြီး တူးဖော်ရ တာကြောင့် တောင်တွေမှာလည်း သစ်ပင်လည်းမရှိတော့ ကုန်နေသတ္တဝါတွေပါ မျိုးတုန်းပျောက်ကွယ် ကုန်ပါတယ်။ ကုန်းနေသတ္တဝါဟာလည်း သတ္ထုတွင်း စွန့်ပစ်ရေ(ချောင်းရေ)တွေသောက်ပြီး တဖြည်းဖြည်းနဲ့ ပိန်လှီလာပြီး ရှားပါး ပျောက်ကွယ်လာတာကြောင့် မုဆိုးတွေအတွက် တောလိုက်လုပ်ငန်းများပါ ပျောက်ကွယ်ပြီး ခက်ခဲလာကြပါတယ်။ ဒါအပြင် ချီဖွေဒေသရဲ့ အဓိကထွက်ကုန်ဖြစ်တဲ့ လျှောက်ကော၊ သစ်ကြား၊ ချဉ်စောခါးသီး တွေကို ရောင်းပြီး အသက်မွေးဝမ်းကြောင်းပြုနေရတဲ့ ဒေသခံတွေဟာ မြေရှားသတ္ထုတူးဖော်မှု များလာတဲ့ နောက်ပိုင်းမှာ ဒေသထွက်ကုန်တွေကို မရောင်းရတော့တဲ့အတွက် အဓိက ဝင်ငွေရ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတစ်ခုပါ ထပ်မံပြိုလဲခဲ့ရပြန်ပါတယ်။ ယခင်က ဒေသထွက်ကုန်တွေကို တရုတ်ကို တင်ပို့လို့ရသော်လည်း ယခုနောက်ပိုင်းမှာ လုံးဝဝယ်ယူမှု မရှိတော့တာမို့ ရေရှည်မှာ ပြည်သူတွေ အတွက် အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ ထိခိုက်လာပြီး ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးတွေမှာ အဘက်ဘက်က ပိုမိုဆိုးဝါးလာနိုင်တယ်။ ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်မှာ မေခမြစ်ထဲကို အဓိကစီးဝင်တဲ့ ချီဖွေချောင်း၊ တမိုးချောင်း၊ မောချမ်းခချောင်း (၃) ချောင်း ရှိတယ်။ မောချမ်းခချောင်းနှင့် ချီဖွေချောင်းတို့က အဆိပ်သင့် ရေဖြစ်နေပြီ သောက်သုံးဖို့ လုံးဝ မဖြစ်နိုင် တော့ဘူး။ ထပ်ပြီး တမိုးချောင်းလည်း ဆောင်းပေါက်ရင် အဆိပ်သင့်ချောင်း ဖြစ်တော့မယ်ဆိုတာ ၉၉ % သေချာနေပါပြီ လက်နက်ရှိသူတွေက စီစဉ်နေကြပါပြီး ရေရှည်မှာ ချီဖွေပြည်သူတွေက မြေရှားတူး ဖော်ခြင်းကြောင့် ကျန်းမာရေးဆိုးရွာလာမှာဖြစ်၍ ရေထု ညစ်ညမ်းမှု ၊မြေထုညစ်ညမ်းမှုများ ခံစားနေရပြီး မကြာတော့မည့် အချိန် ကာလတစ်ခုအတွင်း ချီဖွေမြို့ကနေ ထွက်ပြေးရမယ့်အဆင့်ရောက်တော့မယ်။
သက်သေမှတ်တမ်းများ
ထိခိုက်ခံစားရသူပြောကြားချက်
ကျနော်တို့ ရွာတွေဘက်မှာ မြေရှားသတ္ထုတူးဖော်သည့် ကုမ္ပဏီများမှ ဓာတုစွန့်ပစ်ရေများကို ချီဖွေချောင်းအတွင်း မဆင်မခြင်စွန့်ပစ်မှုများကြောင့် ချီဖွေချောင်းရေတစ်ခုလုံး အဆိပ်သင့်နေ သဖြင့် ဒေသခံများ အသုံးမပြုသည်မှာ(၅)နှစ်ခန့်ရှိပါပြီ၊ ချီဖွေချောင်းအတွင်းမှငါးဖမ်းမစားတာကြာပါပြီ၊ အဲဒီချောင်း က ငါးတွေစားရင် ခေါင်းမူးပြီး အန်ကြလို့ အဲဒီချောင်းကို ထိကိုမထိတော့ဘူး အနာရောဂါရှိတဲ့သူများ ထိမိလို့ကတော့ အနာက ပိုကြီးလာပြီး မပျောက်တော့ဘူး။ တောင်တွေအားလုံးဖောက်ပြီး သတ္ထုတူးဖော်နေလို့ ဒေသခံများ၏ သောက်သုံးရေသုံးနေတဲ့ စမ်းချောင်းတွေပါ ထိခိုက်လာပြီး ကျန်းမာရေးထိခိုက်လာမှာ ပိုစိုးရိမ်မိတယ်။ အခုနောက်ပိုင်း ဒေသခံတွေမှာ ကျန်းမာရေးထိခိုက်မှုတွေများလာတယ် အဲဒါတွေက မြေရှားကြောင့်လား ရေကြောင့်လား တရုတ်က ဝင်လာတဲ့ အစားအသောက်တွေ ကြောင့်လားတော့ အသေချာမသိပေမဲ့ ကင်ဆာရောဂါတွေ့ ရှိမှုတွေ များလာတယ်။
၂၀၁၀ နောက်ပိုင်း ကချင်အထူးဒေသ(၁)က ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်နှင့် သစ်ထုတ်မှုများကြောင့် သစ်တောပြုန်းတီးမှု များကြောင့် တောင်ဂတုံးတွေများလာတဲ့အတွက် မုဆိုးတွေလဲ သားကောင်ရနိုင်မှု နည်းလာတာကြောင့် မုဆိုးအလုပ် စွန့်လွှတ်ပြီး သတ္ထုတွင်းလုပ်ငန်းဆိုဒ်တွေမှ နေ့စားဝင်လုပ်ကိုင်နေရတယ်။
သတ္တုတွင်းကဏ္ဍ
- ကချင်ပြည်နယ်
- ချီဖွေမြို့နယ်
- လောင်ဗျစ်ရွာ
ဖြစ်ပွားသည့်အချိန်
(mm/dd/yyyy)
၂၀၁၄ နောက်ပိုင်း
ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား
အမျိုးသမီး, သက်ကြီးရွယ်အို, ကလေးသူငယ်, မသန်စွမ်း
ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး
လချိတ်၊ လဝေါ်(မရူ)၊ လူဆီ
ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း
၇၀၀၀ ခန့်
အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ
ဒေသခံပြည်သူများ ရဲ့ဟင်းစားငါး မရနိုင်တော့ခြင်း၊ မုဆိုးတွေ သားကောင်မရနိုင်တော့ခြင်း၊
အဓိကပါဝင်ပတ်သက်သူ
NDA(BGF)/ ဒေသတည်ငြိမ်အုပ်ချုပ်ရေးအဖွဲ့အစည်းများ
အကြံပြုလိုသည့်ဖြေရှင်းနိုင်မည့် နည်းလမ်းများ
၁။ အလုပ်သမားခေါ်ရင် နီးစပ်ရာမခေါ်ဘဲ ဒေသခံကျေးရွာသားတွေကို ဦးစားပေး ခေါ်ပါ။ ၂။ အလုပ်သမားတွေရဲ့ အခွင့်အရေး တန်းတူပေးရန်(အလုပ်ချင်းတူပေမဲ့ ခံစားခွင့်ခြင်းမတူ တရုတ် လုပ်သားဆို ယွမ်(၈၀)ရပေမဲ့၊ မြန်မာက (၅၀)လောက်ဘဲရတယ်။ သတ္ထုတွင်းမှာ မြေရှားထုတ်ယူခြင်း လုပ်ငန်းမှာ ဓါတုပစ္စည်းအသုံးပြုတဲ့အတွက် ခုခံ ကာကွယ်ဆေးပေးတယ် တရုတ်တွေကြ တစ်ပတ်ကို(ဆေးပြား-၃)ပြားရပေမဲ့၊ မြန်မာနိုင်ငံသားတွေကြ တစ်ပတ်ကို (ဆေးပြား-၁)ပြားဘဲ ပေးတယ်။
၃။ ဒီ မြေရှားသတ္ထုတူးဖော်တဲ့ လုပ်ငန်းကို ပိတ်ပင်တာ မဟုတ်ပေမဲ့၊ လုပ်ငန်းအကောင်ထည်ဖော်ဆောင်ရွက်တဲ့ အခါမှာ အတတ်နိုင်ဆုံး ပတ်ဝန်းကျင် ထိခိုက်မှု မရှိအောင် ထုတ်လုပ်ဖို့ပါ၊ တရုတ်မှာမြေရှားသတ္ထု ထုတ်တဲ့အခါ ရေစစ်ကန် (၄-၅)ခုလောက်ရှိတယ် စနစ်တကျ ထုတ်ပြီး၊ မြန်မာပြည်မှာ လာထုတ်တဲ့အခါ ရေစစ်ကန်မရှိဘဲ(မထားဘဲ) ချောင်းထဲမှာဘဲ တိုက်ရိုက် ဆေးချနေတော့ ဒေသတွင်းချောင်းတွေ ပိုမိုမြန်ဆန်စွာ ပျက်ဆီးလာတယ်။
၃။ ဒီ မြေရှားသတ္ထုတူးဖော်တဲ့ လုပ်ငန်းကို ပိတ်ပင်တာ မဟုတ်ပေမဲ့၊ လုပ်ငန်းအကောင်ထည်ဖော်ဆောင်ရွက်တဲ့ အခါမှာ အတတ်နိုင်ဆုံး ပတ်ဝန်းကျင် ထိခိုက်မှု မရှိအောင် ထုတ်လုပ်ဖို့ပါ၊ တရုတ်မှာမြေရှားသတ္ထု ထုတ်တဲ့အခါ ရေစစ်ကန် (၄-၅)ခုလောက်ရှိတယ် စနစ်တကျ ထုတ်ပြီး၊ မြန်မာပြည်မှာ လာထုတ်တဲ့အခါ ရေစစ်ကန်မရှိဘဲ(မထားဘဲ) ချောင်းထဲမှာဘဲ တိုက်ရိုက် ဆေးချနေတော့ ဒေသတွင်းချောင်းတွေ ပိုမိုမြန်ဆန်စွာ ပျက်ဆီးလာတယ်။