တာမိုးညဲ ရေအားလျှပ်စစ်ထုတ်လုပ်ရေး စီမံကိန်းကြောင့် ရေနေ သတ္တဝါများနှင့် ဇီဝစင်္ကြန်များ ဂေဟစနစ် ထိခိုက်ခြင်း

Confirmation Status : Verified
December 16, 2022

တာမိုးညဲ ရေအားလျှပ်စစ်ထုတ်လုပ်ရေး စီမံကိန်းကြောင့် ရေနေ သတ္တဝါများနှင့် ဇီဝစင်္ကြန်များ ဂေဟစနစ် ထိခိုက်ခြင်း

(ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ပတ်ဝန်းကျင်ရေးရာလှုပ်ရှားနေသော အရပ်ဘက်အဖွဲ့အစည်းမှ သတင်းပေးပို့ပါသည်။)
တာမိုးညဲမြို့နယ် အတွင်း UNI ENERGY Co., Ltd မှ နမ့်နင်းချောင်း (၃၀မဂ္ဂါဝပ်) ရေအားလျှပ်စစ်ထုတ်လုပ်ရေးစီမံကိန်း။ မူလတွင် ရေချောင်းလုံးဝ ပိတ်သည့်စနစ်ဖြင့် တည်ဆောက် မည်ဟု သိရသော်လည်း၊ လုပ်ငန်းခွင် တွေ့ရှိချက်အရ ရေချောင်းအပြည့်ပိတ်မည်ဟုသိရ၊ ငါးသယံဇာတ ထိခိုက်မည်။ သဘာဝ ပေးထားချက်ဖြစ်သော မိုးရာသီ သံလွင်မြစ်ရေတက်ချိန် မြစ်လက်တက်များသို့ ရေချိုမြစ်ငါးကြီးများ တက်လာသဖြင့် ချောင်းအထက်ပိုင်းထိ ငါးမျိုးစိတ်များစွာ တက်လေ့ရှိတယ်။ နားသီးရွာက မြစ်ရေတက်ချိန်ဆို နားသီးငါးကြော် ကောင်းကောင်းရတယ် သိန္နီမြို့အထိ နာမည်ကြီးတယ်၊ အနည်းဆုံး အိမ်ထောင်စု (၂၀)ကျော်လောက်က ငါးကြော်လုပ်ငန်းနဲ့ အသက်မွေးတယ်၊ သံလွင်ရေတက်ချိန် မြစ်ငါးကြီးတွေ မျိုးစိပ်များစွာ တက်ရောက်လာနိုင်သော်လည်း ၊ ယင်းရေအားလျှပ်စစ်ကြောင့် ငါးမျိုးကြီးများ လမ်းကြောင်း ပြတ်တောက်သွား မည်ဖြစ်သည်။ ငါးတွေရဲ့ လမ်းကြောင်းပြတ်သွားရင် နမ့်နင်းချောင်း အမှီပြု ရေလုပ်ငန်းသမားတွေနဲ့ ငါးကြော်သည် တွေအတွက်တော့ စားဝတ်နေရေး ထိခိုက်နိုင်ပါသည်။

သက်သေမှတ်တမ်းများ

ထိခိုက်ခံစားရသူပြောကြားချက်

တာမိုးညဲရေအားလျှပ်စစ်က မြို့ပြနဲ့ဝေးပြီး အနီးပတ်ဝန်းကျင် ကျေးရွာ တွေက အိမ်ခြေနည်းတော့ ဘာမှ မပြောကြဘူး၊ ဒါပေမဲ့ ကျနော်တို့ ဖာသဲရွာအပါဝင် ရွာ(၁၀)ကတော့ လက်ခံတယ်၊ အရင်က လက်နက်ကိုင်အဖွဲ့တွေကြောင့် အမြဲရှောင်နေရပေမဲ့ ဘာလို့လက်ခံလဲဆိုရင် ကုမ္ပဏီက လက်နက်ကိုင် တွေကို ညှိထားတော့ ရွာကို မဝင်တော့ဘူး၊ မကြောက်ရတော့ဘူး၊ အလုပ်လုပ်ချင်လဲ နေ့စား ဝင်လုပ်လို့ရတယ်၊ သိန္နီမြို့ နားသီးရွာကတော့ ဒီစီမံကိန်းကို လက်မခံတော့ နမ့်နင်းချောင်းဖျား ရောက်လာသွားတာပေါ့၊ စီမံကိန်း ပြီးလို့ ရေကြောင်း ပိတ်သွားရင်တော့ ကျမတို့ နားသီးရွာက အနည်းဆုံး အိမ်ထောင်စု(၂၀)ကျော်လောက်က ငါးကြော် လုပ်ငန်းနဲ့ အသက်မွေးတော့ စားဝတ်နေရေး ထိခိုက်နိုင်တာပေါ့။

ရေအရင်းအမြစ်ကဏ္ဍ
  • ရှမ်း ပြည်နယ်(မြောက်)
  • ကွတ်ခိုင်မြို့နယ်
  • ကွတ်ခိုင် ဒေါင်နောအုပ်စု ၊ ဖာတဲ /ဒေါင်နော/ပန်ဟေ/အုမ္မလီ/ကောင်းလန်း/နောင်ကျိန်ရွာ

ဖြစ်ပွားသည့်အချိန်

(mm/dd/yyyy)

၈/၁၄/၂၀၁၉

ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား

ဒေသခံ တိုင်းရင်းသား တောင်သူများ

ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး

ရှမ်း / ကချင် / မြောင်စီး

ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း

၁၀၀ ခန့်

အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ

ဒေသခံ ရေလုပ်ငန်း နားသီးငါးကြော် နာမည်ကြီး

အဓိကပါဝင်ပတ်သက်သူ

စွမ်းအင်၊ ဆောက်လုပ်ရေးဝန်ကြီး ဌာနနှင့် တာမိုးညဲ အုပ်ချုပ်ရေးအဖွဲ့

အကြံပြုလိုသည့်ဖြေရှင်းနိုင်မည့် နည်းလမ်းများ

သဘာဝသယံဇာတ ထိခိုက်မှုအပြင် လုပ်ငန်းရှင်နှင့် အစိုးရ ချုပ်ဆိုသော သဘောတူစာချုပ် အရ ၁၃/၈/၂၀၂၂ ရက်နေ့တွင် လုပ်ငန်းအကောင်အထည်ဖော်သော ကာလ ကုန်ဆုံးပြီး ယင်းကာလ ကျော်လွန်သည့်နေ့ မှ တစ်ရက်လျှင် ဒဏ်ကြေး (၅၀၀၀၀ိ) အစိုးရ သို့ ပေးဆောင်ရန် ပါရှိသည် ။ သို့ သော် လုပ်ငန်းခွင် အနေအထားအရ နောက် သုံးနှစ် ကြာမှ ပြီးနိုင်မည်ဟု အတွေ့အကြုံများသော အလုပ်သမားအဖွဲ့မှ ဆိုပါသည်။ ယင်းအနေအထားအပေါ် လုပ်ငန်းရှင်မှ မည်သို့ ဆက်လက်ဆောင်ရွက်မည်ကို စိတ်ဝင်စားသဖြင့် အစိုးရ၏ သတင်း အချက်အလက်များကို သိရှိနိုင်ရန် ဖော်ပြခြင်းဖြစ်ပါသည်။