စည်းကမ်းမဲ့ သစ်ခုတ်မှုများကြောင့် သစ်တောများပြုန်းကာ ရေကြီးရေလျှံ၊ ငပုအင်း ကျေးရွာအုပ်စု၊ ကျိုက်မရော၊ မွန်ပြည်နယ်
သက်သေမှတ်တမ်းများ
ထိခိုက်ခံစားရသူပြောကြားချက်
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ငပုအင်းကျေးရွာနှင့် လှကဇိုင်းကျေးရွာအုပ်စု တို့တွင် လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပုဂ္ဂလိကအဖွဲ့များ ပူးပေါင်း၍ သစ်တောများကို စည်းစနစ်မရှိ အလွန်အကျွံခုတ်လှဲနေခြင်းတို့ကြောင့် ၂၀၁ဝ ခုနှစ်ခန့်မှ ယနေ့တိုင် သစ်တောပြုန်းတီးမှုများ ပိုမိုများပြားလာတယ်လို့ ဒေသခံများက ဆိုပါတယ်။ ထိုသို့ပြုန်းတီးမှုများကြောင့် အချိန်မတော် ရေကြီးရေလျှံမှုများ နှစ်စဉ်ကြုံတွေ့နေရသည့် အပြင်၊ ရေစီးရေလာမကောင်း၍ ရေနှုတ်မြောင်းများ ပိတ်ဆို့နေတတ်ပြီး လယ်ယာမြေများ စိုက်ပျိုးလုပ်ကိုင်ရာတွင် ရေလုံလောက်စွာ မရရှိဘဲ ဖြစ်နေပါတယ်။ စိုက်ပျိုးသည့် နှစ်ရှည်ခံပင်များမှာလည်း ဖြစ်ထွန်းမှုမရှိဘူးလို့ ဒေသခံများက ပြောပါတယ်။ ဒေသခံများအနေဖြင့် ရေမြောင်းများ စနစ်တကျပြန်လည် ဖော်ဆောင်ပေးနိုင်သည့် အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးမှုများ ရရှိ လိုနေကြပါတယ်။ ထို့ကြောင့် ဒေသခံများက သက်ဆိုင်ရာဌာနဆိုင်ရာများကို စီမံခန့်ခွဲမှုကောင်းကောင်းဖြင့် လုပ်ကိုင်ဆောင်ရွက်စေလိုပြီး ပူးပေါင်းဆောင်ရွက်လိုနေကြပါတယ်။
သစ်တောနှင့်တောရိုင်းတိရစ္ဆာန် ကဏ္ဍ
- မွန်ပြည်နယ်
- ကျိုမရောမြို့နယ်
- ငပုအင်းကျေးရွာ
ဖြစ်ပွားသည့်အချိန်
(mm/dd/yyyy)
၂၀၁၉
ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား
အမျိုးသမီး, သက်ကြီးရွယ်အို, ကလေးသူငယ်, မသန်စွမ်း, အခြား
ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး
မွန်၊ ဗမာ
ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း
၁၀၀၀ ကျော်
အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ
စိုက်ပျိုးမွေးမြူရေးနှင့်ရေလုပ်ငန်း, အခြား
အဓိကပါဝင်ပတ်သက်သူ
သစ်တောများကို စနစ်တကျထုတ်ယူခြင်းမရှိသောလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပုဂ္ဂလိကအဖွဲ့များ