ရွှေတူးဖော်သည့် ကုမ္ပဏီများ၏ စွန့်ပစ်မြေစာများကြောင့် ချောင်းကောပြီး ရေညစ်ညမ်း၊ ကမ်းနီကျေးရွာ၊ ကျိုက်ထိုမြို့နယ်

Confirmation Status : Reported
October 5, 2020

ရွှေတူးဖော်သည့် ကုမ္ပဏီများ၏ စွန့်ပစ်မြေစာများကြောင့် ချောင်းကောပြီး ရေညစ်ညမ်း၊ ကမ်းနီကျေးရွာ၊ ကျိုက်ထိုမြို့နယ်

(မြန်မာ့ပတ်ဝန်းကျင်ရေးရာ လေ့လာဆန်းစစ်ချက် ၂၀၁၉ ပြည်သူ့အမြင်သဘောထားများအစီရင်ခံစာမှ ကောက်နှုတ်ဖော်ပြထားပါသည်)
ကျိုက်ထိုမြို့နယ်၊ ကမ်းနီကျေးရွာအနီးတွင် ကုမ္ပဏီများ၏ ရွှေတူး စွန့်ပစ် မြေစာများ‌ကြောင့် ချောင်းကောလာကာ ရေညစ်ညမ်းမှုရှိနေပြီး စိုက်ပျိုးရေ၊ သောက်သုံးရေအခက်အခဲများ ရှိနေသည်ဟု ဆိုပါတယ်။

သက်သေမှတ်တမ်းများ

ထိခိုက်ခံစားရသူပြောကြားချက်

ကျိုက်ထိုမြို့နယ်၊ ကမ်းနီကျေးရွာအနီးတွင် ကုမ္ပဏီများ ရွှေတူးဖော်မှုများ ရှိနေပါတယ်။ ဒေသခံများကပြောသည်မှာ ကုမ္ပဏီများက ၎င်းတို့ ရွှေတူးဖော်ရာမှာ ထွက်ရှိတဲ့ စွန့်ပစ်မြေစာတွေကို ချောင်းထဲကို စွန့်ပစ်ကြတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် ချောင်းအောက်ပိုင်းမှာ နေတဲ့ရွာတွေမှာ ချောင်းတွေ တစ်ဖြေးဖြေးတိမ်ကောပြီး စိုက်ပျိုးရေ အခက်ခဲများ၊ ရေညစ်ညမ်းမှုကြောင့် သောက်သုံးရေ အခက်ခဲများ ကြုံတွေ့နေရတယ်လို့ ဒေသခံများက ဆိုပါတယ်။

ရေအရင်းအမြစ်ကဏ္ဍ

  • မွန်ပြည်နယ်
  • ကျိုက်ထိုမြို့နယ်
  • ကမ်းနီကျေးရွာ

ဖြစ်ပွားသည့်အချိန်

(mm/dd/yyyy)

ကုမ္ပဏီများ ရွှေတူးဖော်သည့်နောက်ပိုင်း

ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား

အမျိုးသမီး, သက်ကြီးရွယ်အို, ကလေးသူငယ်, မသန်စွမ်း

ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး

မွန်, ဗမာ

ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း

၄၁၀၀

အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ

စိုက်ပျိုးမွေးမြူရေးနှင့်ရေလုပ်ငန်း

အဓိကပါဝင်ပတ်သက်သူ

ကျိုက်ထိုမြို့နယ်၊ ကမ်းနီကျေးရွာအနီး ရွှေတူးဖော်နေသည့်ကုမ္ပဏီများ

အကြံပြုလိုသည့်ဖြေရှင်းနိုင်မည့် နည်းလမ်းများ

သက်ဆိုင်ရာ အုပ်ချုပ်သူများမှ ကုမ္ပဏီများကို ဒေသခံများနှင့်ပူးပေါင်းပြီး သေချာကြပ်မတ်ဆောင်ရွက်ရန် လိုအပ်ပါသည်။