Announcement

ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း အသိပေးခြင်း

လက်ရှိအနေဖြင့်မြန်မာနိုင်ငံအပါအဝင်ကမ္ဘာ့နိုင်ငံအများအပြားတွင်ဖြစ်ပွားလျက်ရှိသည့် အသက်ရှုလမ်းကြောင်း ဆိုင်ရာ ကူးစက်မြန်ကပ်ရောဂါ Covid 19 ကူးစက်မှုမှကာကွယ်နိုင်ရေး အစိုးရဘက်မှလည်း အစွမ်းကုန်ပြင်ဆင် ထားသကဲ့သို့၊ ပြည်သူများအားလည်း မိမိနေအိမ်တွင်သာနေထိုင်ရန်၊ တစ်ဦးနှင့် ခပ်ခွာခွာနေရန်၊ အရာဝတ္တု တစ်ခုခုနှင့်ထိတွေ့ပြီးတိုင်း လက်ဆေးရန်၊ ကိုယ်ခံအားကောင်းမွန်စေရန် အိပ်ရေးဝဝအိပ်စက်ရန်၊ ကိုယ်လက် လေ့ကျင့်ခန်းပြုလုပ်ရန်၊ နှင့် COVID-19 သံသယလက္ခဏာများတွေ့ရှိပါကနီးစပ်ရာကျန်းမာရေးဌာနသို့အကြောင်း ကြားရန်လည်း အစဉ်အမြဲတိုက်တွန်းလျက်ရှိသည်။

COVID-19 လက်ရှိဖြစ်ပွားနေသော အခြေအနေများအား ပြည်သူနှင့် အစိုးရ အတူတကွပူးပေါင်းကာ ကျော်လွှား နေရသည့်အချိန်တွင် ပတ်ဝန်းကျင်ရေးရာပြဿနာများ၊ အငြင်းပွားမှုများနေစဉ်နှင့်အမျှဖြစ်ပွားလျက်ရှိ ကြောင်း ကြားသိရသဖြင့်အလွန်ပင်စိတ်မကောင်းဖြစ်မိပါသည်။ ထို့ကြောင့်စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုးတက်ရေး အသင်း အနေဖြင့်လည်း တစ်ဖက်တစ်လမ်းမှ ပါဝင်ကူညီသည့် အနေဖြင့်မြန်မာနိုင်ငံတဝှမ်းရှိ ဒေသခံ တိုင်းရင်းသား များနှင့် အများပြည်သူများ အနေဖြင့် မိမိတို့ဒေသတွင် ဖြစ်ပွားလျက်ရှိသည့် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာရပ် များနှင့် ပတ်သက်၍ ရေလေမြေ စသည့်အရည်အသွေးစမ်းသပ်တိုင်းတာမှုများဆောင်ရွက်လိုခြင်း၊ နေထိုင်ရာ ဒေသများတွင်ကြုံတွေ့နေရသော ပတ်ဝန်းကျင်ရေးရာပြဿနာများ၊ အငြင်းပွားမှု ကိစ္စများရပ်များ နှင့်ပတ်သက်၍ ဆွေးနွေးအကြံပြုလိုခြင်း၊ အကြံဉာဏ်ရယူဆောင်ရွက်လိုခြင်း စသည့်များ ပြုလုပ် လိုပါက ALARM Myanmar Facebook Page, Myanmar Affairs Facebook page သို့လည်းကောင်း၊ Hotline Number (+95) 09407496078 သို့လည်းကောင်း၊ [email protected] သို့မေးလ်ပို့၍လည်းကောင်း ဆက်သွယ် ဆောင်ရွက်နိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုးတက်ရေးအသင်း

0 Comments

Submit a Comment

Your email address will not be published. Required fields are marked *