Myanmar Environmental Dashboard
Reported Environmental Cases
ချီဖွေမြို့နယ်အတွင်းရှိ ဒေသထွက်ခြံထွက်သီးနှံနှင့် ဥယျာဉ်ခြံ သီနှံ များ (အာလူး၊ ပြောင်းဖူး၊ ရှောကော၊ သစ်ကြားနှင့် ချဉ်ဆော်ကားသီး တရုတ်မှ ဝယ်ယူမှုရပ်ဆိုင်း
(ကချင်ပြည်နယ်ရှိ ပတ်ဝန်းကျင်ရေးရာလှုပ်ရှားနေသော အရပ်ဘက်အဖွဲ့အစည်းမှ သတင်းပေးပို့ပါသည်။)မြေရှားသတ္ထုတူးလို့ အပေါ်ယံမြေဆီမြေဩဇာများ ဆုံးရှုံးမှုတင် မဟုတ်ဘဲ မြေကြီးများ အားလုံးပျက်စီးကုန်တယ်။ ချီဖွေဒေသရဲ့ အဓိကထွက်ကုန်ဖြစ်တဲ့ အာလူး၊ ပြောင်းဖူး၊ လျှောက်ကော၊ သစ်ကြား၊...
ချောင်းဖျားတွင် ရွှေမျောများ ဝင်ရောက်လာခြင်းနှင့် တရားမဝင်သစ် ထုတ်ယူမှုများပြားလာခြင်းကြောင့် စိမ့်စမ်းရေထွက်များ ဆုံးရှုံးလာကာ ဒေသတွင်းကျေးရွာများ သောက်သုံးရေခက်ခဲလာ၊ မိုးညှင်းမြို့နယ်၊ ကချင်ပြည်နယ်
(ကချင်ပြည်နယ်ရှိ ပတ်ဝန်းကျင်ရေးရာလှုပ်ရှားနေသော အရပ်ဘက်အဖွဲ့အစည်းမှ သတင်းပေးပို့ပါသည်။)မိုးညှင်းမြို့နယ်၊ မော်ဟန်ကြိုးဝိုင်းအတွင်းမှ တရားမဝင်သစ်ထုတ်မှု များနှင့် ရွှေတူးဖော်မှုများ ၂၀၂၁ ခုနှစ်နောက်ပိုင်းတွင် ပိုမိုထုတ်ယူလျှက်ရှိပါသည်။ ၎င်းအပြင် ကာဒိုချောင်းဖျား...
ရွှေမျောများ များပြားလာခြင်းကြောင့် ဒေသတွင်းတောင်သူများ၏ မြေယာများ မဖြစ်အနေရောင်းပေးနေရသောကြောင့် မြေယာဆုံးရှုံးမှုများလာ ဟုမ္မလင်းမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး
(စစ်ကိုင်းတိုင်းဒေသကြီးရှိ ပတ်ဝန်းကျင်ရေးရာလှုပ်ရှားနေသော အရပ်ဘက်အဖွဲ့အစည်းမှ သတင်းပေးပို့ပါသည်။)အရပ်သားအစိုးရလက်ထက်မှာ ၅နှစ်တာ ရပ်ထားခဲ့သမျှ အာဏာ သိမ်းပြီး တောက်လျှောက် ရွှေထုတ်တယ်။ ရွှေမျောတွေ ပိုတိုက်လာတယ် လက်နက်ကိုင် အဖွဲ့တွေက ပြည်သူဘက် မပါ တော့ဘူ သူတို့ကို...
ကယားပြည်နယ် ဒီးမောဆိုမြို့နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် တို့တွင် စစ်မက်ဖြစ်ပွါးမူ ကြာရှည်လာသည်နှင့်အမျှ သိန်းချီစစ်ဘေးရှောင် လူဦးရေအတွက် လိုအပ်ချက်အရ သဘာဝသစ်တောများကို စီးပွားဖြစ်မဟုတ်ပဲ လောင်စာနှင့်ရိက္ခာအတွက် ခုတ်ထွင်ရှင်းလင်းမူများ ပိုမိုများပြား ကျယ်ပြန့်လာမူကြောင့် သစ်တောပြုန်းတီးမူကို ဆိုးဆိုးရွားရွား ရင်ဆိုင်ကြုံတွေ့နေရပါသည်
(ကယားပြည်နယ်ရှိ ပတ်ဝန်းကျင်ရေးရာလှုပ်ရှားနေသော အရပ်ဘက်အဖွဲ့အစည်းမှ သတင်းပေးပို့ပါသည်။)ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် တို့မှ တိုက်ပွဲရှောင်ပြည်သူ တသိန်းနီးပါးသည် ကယားပြည်နယ်ဒီးမောဆိုမြို့နယ် အနောက်ဘက် ရှမ်းပြည်နယ်...
လေယာဉ်ကွင်း စီမံကိန်းနှင့် ဆိပ်ကမ်းသစ် တည်ဆောက်ခြင်း လုပ်ငန်း အတွက် လယ်မြေများ သိမ်းဆည်းခြင်းကြောင့် စိုက်ပျိုးမြေဆုံးရှုံးမှုများ၊ မုဒုံမြို့နယ်၊ မွန်ပြည်နယ်
(မွန်ပြည်နယ်ရှိ ပတ်ဝန်းကျင်ရေးရာလှုပ်ရှားနေသော အရပ်ဘက်အဖွဲ့အစည်းမှ သတင်းပေးပို့ပါသည်။)မုဒုံမြို့တွင် လေယာဉ်ကွင်းဆောင်မည်ဆိုပြီး ဒေသခံများ၏ မြေနေရာများ၊ ရာဘာစိုက်ခင်းများ၊ ဥယျာဉ်ခြံမြေများကို သိမ်းဆည်းသည်များရှိကြောင်း၊ လေယာဉ်ကွင်းစီမံကိန်းကြောင့် မြေသိမ်း ယာသိမ်း...
ရွှေမျောလုပ်ငန်းရှင်များမှ ဒေသတွင်းကျေးရွာများမှ တောင်သူများ၏ မြေယာများကို ချိန်းခြောက်ဝယ်ယူနေသောကြောင့် စိုက်ပျိုးမြေယာများ ဆုံးရှုံးမှုများလာခြင်း၊ ဟုမ္မလင်းမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး
(စစ်ကိုင်းတိုင်းဒေသကြီးရှိ ပတ်ဝန်းကျင်ရေးရာလှုပ်ရှားနေသော အရပ်ဘက်အဖွဲ့အစည်းမှ သတင်းပေးပို့ပါသည်။)ဟုမ္မလင်းနဲ့နန်တောကြားမှာ ၁၉ မိုင်ရှိတယ်။ ဥရုချောင်းထဲနဲ့ အနီးနားပတ်ဝန်းကျင်မှာ မျောတိုက်နေကြတယ်။ ချောင်းလဲပျက်ပြီ၊ မြစ်လဲထိခိုက်နေပြီ ရွာဘေးနားက လယ်ယာ...